DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် ဦးစောဘိုဘိုဝေမောင်(ခ) စောဘိုဘိုကို ခန့်အပ်
DVB
·
June 25, 2019
ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် ဦးစောဘိုဘိုဝေမောင်(ခ) စောဘိုဘိုကို ခန့်အပ်
Donate to DVB

ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနေရာအတွက် ဦးစောဘိုဘိုဝေမောင်(ခ) စောဘိုဘိုကို  ကရင်ပြည်နယ်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ပါတယ်။ 

ဇွန် ၂၄ ရက်က ဘားအံမြို့မှာ ကျင်းပတဲ့  ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းဝေး ပထမနေ့မှာ ကန့်ကွက်သူမရှိ ရွေးချယ်တင်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုထားတဲ့ ပြည်နယ်ဝန်ကြီး အမည်စာရင်းနဲ့ စပ်လျဉ်ပြီး ၂၀၁၃ ခုနှစ် ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁၊  နည်းဥပဒေ ပုဒ်မ (က)နဲ့ အညီ ပြည်နယ်လွှတ်တော်ကိုတင်ပြပြီး သဘောထားရယူခဲ့ရာမှာ ကန့်ကွက်သူမရှိ သဘောတူ ခဲ့ကြတာပါ။

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “စာရင်းတင်တဲ့ ၃ ယောက်လုံးက အရည်အချင်းပြည့်မီတဲ့ သူတွေဖြစ်တယ်။ ကျမတို့ ပါတီဝင်တွေချည်းပဲ ကိုစောဘိုဘိုက အရင်ကတည်းက ကျမတို့ပြည်နယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အမြဲပံ့ပိုးကူညီပေးတယ်။ အပေါ်က ရွေးပြီးဆုံးဖြတ်ခဲ့တယ်”လို့ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးတင်မျိုးဦးက “သူရဲ့သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် လုပ်ငန်းဆောင်တာတွေ တကယ်အများကြီး ပညာတတ် တယောက်ပေါ့။ လက်ရှိအစိုးရကိုလည်း ပံ့ပိုးပေးနေတဲ့လူတယောက်ပါ”လို့ ပြောပါတယ်။

ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ရတဲ့ ဦးစောဘိုဘိုဝေမောင်ဟာ လက်ရှိအချိန်မှာ MTB မြန်မာ့ခရီးသွားဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာတာဝန်နဲ့  YBS (Yangon Bus Service)ရဲ့ CEOတာဝန်ယူထားသဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး၊ ကမ္ဘောဇဘဏ်ရဲ့ လက်ထောက်စီမံခန့်ခွဲမှုမန်နေဂျာ တာဝန်တွေအပြင် City Bank ရဲ့  ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူဖြစ်သလို ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရ ကို ပံ့ပိုးကူညီပေးနေသူဖြစ်ပါတယ်။

ပြည်နယ်လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတာဝင်းကျော်ဟာ ကျန်းမာရေးမကောင်းမွန်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ပြည်နယ်လူမှုရေး ၀န်ကြီး ရာထူးကနေ သမ္မတရုံးက နှုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013