DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 24, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထ(ဆန်)

မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၇၀၀၀ ပေါက်ဈေး ရှိပြီး ၄၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၄၀၀၀ ပေါက်ဈေး ရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြောင်းမြနဲ့ ပုသိမ်ကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ  မတ်ပဲ(သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀   ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

 

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ၀င် တအိတ်ကို ၉၁၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို   ၁၀၂၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၀၈၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၆၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၂၂၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၅၀၀၀ ကနေ ၁၇၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၁၀၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၇၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၄၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး တက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၂၄၆၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၉၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013