DVB Logo
Home
မြန်မာသတင်း
‘တကျော့နှစ်ကျော့တေးကိုသီ’ သီချင်းကို တီးလုံးမပါဘဲ ပြန်ဆိုပြခဲ့သည့် ဟေဇယ်လ် (ရုပ်သံ)
DVB
·
June 24, 2019
‘တကျော့နှစ်ကျော့တေးကိုသီ’ သီချင်းကို တီးလုံးမပါဘဲ ပြန်ဆိုပြခဲ့သည့် ဟေဇယ်လ် (ရုပ်သံ)
Donate to DVB

The Voice Myanmar Season 2 သီချင်းဆို ပြိုင်ပွဲမှာ နောက်ဆုံးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဟေဇယ်လ်က ဒီကနေ့ ဒီဗွီဘီရဲ့ စတူဒီယိုကို လာရောက်ပြီး  ‘တကျော့နှစ်ကျော့တေးကိုသီ’ သီချင်းကို တီးလုံးမပါဘဲ သီဆိုပြသွားပါတယ်။

ဒီသီချင်းဟာ ဂီတလုလင်မောင်ကိုကိုရေးစပ်ခဲ့ပြီး ၀ါရင့်အဆိုတော်ကြီး တင်တင်မြရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်ပါတယ်။ The Voice Myanmar ပြိုင်ပွဲမှာ ဒီသီချင်းကို ပြန်လည်ဆန်း သစ်သီဆိုခဲ့တာနဲ့ ပတ်သက်ပြီး  အားပေးထောက်ခံမှုတွေရော ဝေဖန်ကန့်ကွက်မှုတွေပါ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာပါ။

ဟေဇယ်လ်ဟာ အခုနှစ် The Voice Myanmar ရဲ့ ပြိုင်ပွဲ ပွဲစဉ်တလျှောက် ခက်ခဲပြီး ပညာသားပါတဲ့ အဆိုပညာစွမ်းပြရတဲ့ သီချင်းတွေနဲ့သာ အများဆုံး ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်သလို ခုဆိုရင် အားပေးတဲ့ ပရိသတ်အခိုင်မာရရှိထားသူလည်း ဖြစ်ပါတယ်။

ဟေဇယ်လ်ဟာ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာလည်း  First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013