DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
DVB
·
June 24, 2019
ကရင်နီလူငယ် ၆ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို ဒီကနေ့ မနက်  လွိုင်ကော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ လူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခ) ဂူဂူးကို ဇွန်လ ၂ ရက်က ဖရူဆိုမြို့အဝင်ဂိတ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လွိုင်ကော်ထောင်မှာ ချုပ်နောင်ထားခဲ့ပြီး ဇွန်လ ၁၇ ရက်က ရုံးထုတ်ခဲ့ပါတယ်။

ကျန်ကရင်နီလူငယ် ၅ ဦးဖြစ်တဲ့ ဒီးဒီ (ခ) စစ်မုန်း၊ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း၊ ခူးရီးဒူ၊ ခွန်းသာမတ်စ် နဲ့ ခွန်းဂျွန်ပေါလ် (ခ) ပျားလေး တို့ကိုတော့ ဇွန်လ ၂၁ ရက်က လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စုရှိ ကေ့ထျိုးခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ၁၄၄ နှစ်မြောက် ကရင်နီ အမျိုးသားနေ့ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးမှာ  ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။

ဒီကနေ့ မနက် သူတို့ ၆ ဦးလုံးကို ပထမဆုံးအကြိမ် ရုံးထုတ်တာလည်းဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲထားတဲ့ အမှုဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံနေရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ အတူရပ်တည်ကြောင်း ကယားလီဖုလူငယ်အဖွဲ့တွေအပြင် တခြားလူငယ်တွေလည်း လက်မှတ်ထိုးခဲ့ကြသလို သူတို့ရဲ့လက်မှတ်ထိုးလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013