DVB Logo
Home
မြန်မာသတင်း
မိုးခေါင်သဖြင့် တောင်ကြီးမြို့နယ် သရက်ပင်လှ တောင်သူများ အခက်ကြုံ
DVB
·
June 24, 2019
မိုးခေါင်သဖြင့် တောင်ကြီးမြို့နယ် သရက်ပင်လှ တောင်သူများ အခက်ကြုံ
Donate to DVB

ရှမ်းပြည်​နယ်​တောင်​ပိုင်း ​တောင်​ကြီးမြို့နယ်​ သရက်​ပင်​လှ​ရွာမှာ အခုနှစ်​ မိုး​ခေါင်​တဲ့ အတွက်​ စိုက်​ပျိုး​ရေးလုပ်​ကိုင်​သူ​တွေ အခက်​အခဲကြုံ​တွေ့​နေရပါတယ်​။

ခါတိုင်းနှစ်​မှာ ရာသီဥတု ပုံမှန်​ဖြစ်​​ပေမယ့် ဒီနှစ်​မှာ မိုးမရွာ​သေးတာကြောင့် စိုက်​ပျိုး​ရေးတွေ အကုန်​နားထားရပြီး စိုက်​ပျိုးမရတဲ့ အ​နေအထား​ ဖြစ်​​နေကြတယ်လို့ သရက်ပင်လှ ဒေသခံ ကိုဝင်းစိုးက ပြောပါတယ်။

ဒါ့အပြင်​ မိုး​ခေါင်​တဲ့အတွက်​ ​ရေရှားပါးသလို သီးနှံ​တွေလည်း ပိုး​တွေဖျက်​ဆီးတာ ခံ​နေရတဲ့ အတွက်​ အခက်​အခဲ​တွေ ကြုံ​တွေ့နေရတယ်လို့ တောင်ကြီးမြို့နယ်နေ ရပ်မိရပ်ဖ ဦးထွန်းစီက ပြောပါတယ်။

မိုးရွာဖို့ ဘုရား​ရေသပ္ပါယ်​တာ၊ ​ရေထွက်​ပရိတ်​ရွတ်​ဖတ်​တာ၊​ ငါးရံ့မင်း ပရိတ်​ရွတ်​ဖတ်​တာ စတဲ့ ရပ်​ရွာဓ​လေ့တွေလည်း ပြုလုပ်နေကြတယ်လို့ သရက်ပင်လှဒေသခံ ဦးစိုးအောင်က ပြောပါတယ်။

သရက်​ပင်​လှ ရွာအဝင်​ လွယ်​ဝိုင်း​ရှေး​ဟောင်းဘုရားဟာ ​ရေသပ္ပါယ်​ ပြီးရင်​ မိုးရွာမယ်​ဆိုတဲ့ အယုံအကြည်​နဲ့ ပြုလုပ်​ကြတာလို့ ဆိုပါတယ်။

သရက်​ပင်​လှရွာမှာ ပအိုဝ်း တိုင်းရင်းသားနဲ့ ဓနုတိုင်းရင်းသား အတူ​နေထိုင်​ပြီး အိမ်​​ခြေ ၄၀၀ ​ကျော်​ရှိကာ အဓိက​ပြောင်းနဲ့ သနပ်​ဖက်​​တွေ စိုက်​ပျိုးလုပ်​ကိုင်​ကြပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013