DVB Logo
Home
မြန်မာသတင်း
မင်းဘူး၌ ​ရှေး​ဟောင်းပစ္စည်း တရားမဝင်​ ဆက်လက်တူး​ဖော်​​သူများကို အရေးယူမည်
DVB
·
June 24, 2019
မင်းဘူး၌ ​ရှေး​ဟောင်းပစ္စည်း တရားမဝင်​ ဆက်လက်တူး​ဖော်​​သူများကို အရေးယူမည်
1 / 11
Donate to DVB

မင်းဘူး(စကု) မြို့နယ်​ ဇရပ်​ကြီး​ကျေးရွာနဲ့ အလံပါယ်​​ကျေးရွာကြားမှာ ဇွန်​ ၂၃ ရက်​​နေ့ ​ည​နေပိုင်းက ရှေး​ဟောင်းပစ္စည်း တရားမဝင် ​​တူး​ဖော်​​နေမှု​တွေကို ပိတ်​သိမ်းလိုက်​ပြီး ဆက်လက်တူးဖော်ပါက အရေးယူသွားမယ်လို့ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ်က ပြောပါတယ်။

မင်းဘူးမြို့နယ် တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ်​ဦး​ကျော်​​ငွေက တရားမဝင်​ ​ရှေး​ဟောင်း ​အ​မွေအနှစ်​​တွေ တူး​ဖော်​​နေတယ်​လို့ Facebook လူမှုကွန်ရက်​စာမျက်​နှာ​တွေမှာ ပျံ့နှံ့​နေတဲ့အတွက်​ ဝန်​ကြီးချုပ်​ရဲ့ တာဝန်​​ပေးချက်​အရ သွား​ရောက်​တားမြစ်​ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“တ​နိုင်​ငံလုံးက သိသွားတဲ့ အဖိုးတန်​ ​ရှေး​ဟောင်းပစ္စည်း​တွေဖြစ်​တဲ့အတွက်​ ဒီတိုင်းဆက်​လက်​ပြီး ​ရှေးရှုလို့မရ​တော့ပါဘူး။ ယခင်​ကတားမြစ်​မှု​တွေ ရှိခဲ့​ပေမယ့် ဆက်​လက်​တူး​ဖော်​​နေတဲ့အတွက်​ ထပ်​မံတားမြစ်​ခဲ့တာပါ။ လောဘတက်​ပြီး ထပ်​မံတူး​ဖော်​ပါက နံပါတ်​တစ်​ ယာခင်းပိုင်​ရှင်​ အ​ရေးယူခံရမှာပါ။ ယာခင်းပိုင်​ရှင်​​တွေအ​နေနဲ့ အခ​ကြေး​ငွေယူပြီး ​ရောင်းချမှု​တွေလုပ်​ထား​ရင်​လည်း လုပ်​ပိုင်​ခွင့်​မရှိဘဲ လယ်​ယာလုပ်​ငန်းဘဲ ခွင့်​ပြုထားတာဖြစ်​ပါတယ်​။ ​ရှေး​ဟောင်းပစ္စည်​​တွေကို နိုင်​ငံ​တော်​က ​ခေတ်​အလိုက်​ ​ဈေးပို​ပေးဝယ်​ယူတာရှိပြီး ကုန်​သည်​ပွဲစားလက်​ထဲ ​ရောက်​ရင် ​ပြည်​ပနိုင်​ငံ​တွေကို ​ရောင်းကြမှာပါ။ ဆက်​လက်​တူး​ဖော်​တာ​တွေပြုလုပ်​ပါက ယာခင်းပိုင်​ရှင်​​တွေကို အ​ရေးယူမှာဖြစ်​ပြီး အဆင့်​ဆင့်​ သတင်း​ပေးပို့ရမယ်​။”

မ​ကွေးတိုင်း ​ရှေး​ဟောင်းသု​တေသနနှင့် အမျိုးသားပြတိုက်​ဦးစီးဌာန တိုင်းဦးစီးမှူး ဦး​စောလွင်​က "လယ်​ယာ ​မြေဆိုတာ ထွန်​ရက်​ စိုက်​ပျိုးရမှာဖြစ်​ပြီး သဘာဝ အ​လျောက်​ ​တွေ့ရှိတာမျိုးဆိုရင်​ ပျူ​ခေတ်​ ​ရွှေထည်​ပစ္စည်းဆိုရင်​ ​ပေါက်​​ဈေး အပြင်​ ၈၀ ရာခိုင်​နှုန်း အပို​ပေးပြီး ပြန်​ဝယ်​ပါတယ်​။ ​ခေတ်​အ​ပေါ်မှာ မူတည်​ပြီး ​ဈေးနှုန်း အ​ပြောင်းလဲ ရှိပါတယ်​။ ပျူ​ခေတ်​ဆိုတာ လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၀၀၀ ​ကျော်​ဝန်းကျင်​က လက်​ရာ​တွေဖြစ်​ပြီး ထိန်းသိမ်း​စောင့်​​လျှောက်​ရမှာပါ။ ယာ​မြေ​တွေကို ​မြေလှန်​တူး​ဖော်​ ရှာ​ဖွေကြတဲ့အတွက်​ လယ်​ယာစိုက်​ပျိုး​ရေး လုပ်​ငန်း​တွေလည်းထိခိုက်​ပါတယ်​။ ရလိုက်​တာ ၁ သိန်း​ကျော်​​လောက်​နဲ့ ဥပ​ဒေ​ကြောင်းအရ ရင်​ဆိုင်​ရမယ်​ဆိုရင်​ ​ထောင်​ဒဏ်​ ၇ နှစ်​က​နေ ၁၀ နှစ်​ထိ ချမှတ်​ရမဲ့အပြင်​ ဒဏ်​​ငွေ သိန်း ၃၀ ကျပ်​ထိ ချမှတ်​နိုင်​တဲ့အတွက်​ ​ရှေ့ဆက်​မလုပ်​ဖို့ ပညာ​ပေး တားမြစ်​ခဲ့တယ်​” လို့  ပြောပါတယ်။

မင်းဘူးမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးဝင်းထိန်​က ပြီးခဲတဲ့လ ၁၄ ရက်​​နေ့က စခန်းမှူးနဲ့ နယ်​ထိန်းအဖွဲ့က မှုခင်းကျဆင်း​ရေး ​ဟော​ပြောပြီး ဆက်​လက်​တူး​ဖော်​တာ​တွေမလုပ်​ဖို့နဲ့ ဥပ​ဒေ​ကြောင်းအရ အ​ရေးယူမယ်​လို့ တားမြစ်​ထားတယ်လို့ ပြောပါတယ်။

“တားမြစ်​ခဲ့ပြီး​နောက်​ပိုင်း ​ခေတ္တရပ်​နားကြပြီး အ​ရေးယူတာ​တွေမလုပ်​​တော့ ​နောက်​ပိုင်း ပိုပြီးအတင့်​ရဲလာတာဖြစ်​တယ်​။ မိမိယာ​မြေ​ပေါ် လာ​ရောက်​တူး​ဖော်​ရင်​ ပိုင်​နက်​ကျူးလွန်​မှုနဲ့ အမှုဖွင့်​လို့ရတယ်​။ လာ​ရောက်​တိုင်​ကြားမှုမရှိတဲ့အတွက်​ ယာခင်းပိုင်​ရှင်​​တွေပါ ပူ​ပေါင်းပါဝင်​​နေတယ်​လို့ ယူဆလို့ရတယ်​။ ယာခင်းရှင်​ ၁၁ ဦးစာရင်း ​ကောက်​ခဲယူပြီး တူး​ဖော်​သူ​တွေကိုလည်း စာရင်း​ကောက်​ခံ​နေပါတယ်​။ လတ်​တ​လော အ​ရေးယူတာ​တွေ မပြုလုပ်​ဘဲ ဆက်​လက်​တူး​ဖော်​ပါက ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​။”

အဆိုပါ​ရှေး​ဟောင်း ပစ္စည်း​တွေဟာ ပျူ​ခေတ်​လက်​ရာ​တွေဖြစ်​ပြီး မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊​ ရှေး​ဟောင်းသု​တေသနအဖွဲ့၊ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေနဲ့ ဌာနဆိုင်​ရာတာဝန်​ရှိသူ​တွေက သွား​ရောက်​ပိတ်​ပင်​တားမြစ်​ခဲ့တယ်​လို့သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013