DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
June 24, 2019
ဒေါ်အောင်ဆန်းစုကြည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
1 / 3
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နဲ့အဖွဲ့အား လက်ခံတွေ့ဆုံပြီး မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီတွေနဲ့ ချေးငွေပေးအပ်ရေး ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌ တာကဲဟိကိုနာကာအိုနဲ့အဖွဲ့တို့ ဇွန် ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Athenee Tower မှာ တွေ့ဆုံခဲ့တာလို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားရေး၊ လမ်းပန်းဆက်သွယ်မှုမြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လျှပ်စစ်စွမ်းအင်ရရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီတွေနဲ့ ချေးငွေတွေ ဆက်လက်ပေးအပ်ရေး စတဲ့ကိစ္စရပ်တွေ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇွန် ၂၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းက နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့တာပါ။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013