DVB Logo
Home
မြန်မာသတင်း
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့်စကားဝိုင်း ကျင်းပ
DVB
·
June 23, 2019
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့်စကားဝိုင်း ကျင်းပ
1 / 5
Donate to DVB

မန္တလေးတိုင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲနဲ့ စကားဝိုင်း ဆွေးနွေးပွဲ Tourism Conference–Mandalay ကို ဇွန်လ ၂၃ ရက်နေ့က ဟိုတယ်မန္တလေးမှာ ကျင်းပခဲ့ပါတယ်။

စာတမ်းဖတ်ပွဲနဲ့ စကားဝိုင်းဆွေးနွေးပွဲကို ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းက ဦးဆောင်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း-မန္တလေး (UMTAMandalay)တို့က ပါဝင်ပူးပေါင်း ပြုလုပ်တာပါ။

မန္တလေးတိုင်းအတွင်း ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးက ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေနဲ့အတူ ကဏ္ဍအသီးသီးမှာ ပါဝင်ပတ်သက် နေသူတွေရဲ့ အကြံပြုဆွေးနွေးချက်တွေကို ထုတ်ဖော်နိုင်ဖို့နဲ့ တိုင်းဒေသကြီးအစိုးရနဲ့ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီတို့ရဲ့ ဆွေးနွေးအကြံပြုချက်တွေကို အဓိက တင်ပြသွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကိုပြုလုပ်တာလို့ ယုံကြည်ရာ အသိပညာပြန့်ပွားရေး အသင်းရဲ့ စီမံကိန်းဒါရိုက်တာ ဒေါက်တာပြည့်စုံအောင်က ပြောပါတယ်။

ဦးမျိုးရီ (မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း) က မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်တိုးတတ်နေစေရေး စီမံချက်များရေးဆွဲခြင်း ခေါင်းစဉ်၊ ဦးသန့်ဇော် (မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း - မန္တလေး) က ပြောင်းလဲနေသော ဈေးကွက်လိုအပ်ချက်များအရ ခရီးစဉ်ဒေသများစီမံခန့်ခွဲခြင်း Market Trend and Destination Management ခေါင်းစဉ်တွေနဲ့ အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

“ကျနော်တို့အခုဆိုရင် တရုတ်ခရီးသည် ဝင်ရောက်မှုက အများဆုံး သိသိသာသာ တက်လာတယ်။ ၁၃၇ ရာခိုင်နှုန်းအထိ တက်လာတယ်။ ဒီအပေါ်မှာ ကျနော်တို့ စိန်ခေါ်မှုတွေ အများကြီးရှိလာတယ်။ အဲဒီဟာတွေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေ စီမံခန့်ခွဲမှုအပိုင်းမှာ ဆောင်ရွက်သင့်တာတွေရှိတယ်။ ဒါတွေက ပြောလို့ရတဲ့ စိန်ခေါ်မှုတွေဖြစ်တယ်” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသန်းဇော်က ပြောတယ်။

ဦးရဲမြတ်ထွန်း (ဝါရင့်ခရီးသွား ဧည့်လမ်းညွှန်) ကတော့ ခရီးစဉ်ဒေသအလိုက် အတွေ့အကြုံ သစ်တွေ ဆွဲဆောင်မှုအသစ်တွေဖော်ထုတ်ခြင်း ခေါင်းစဉ်နဲ့ဆွေးနွေးပြီး ဦးစိုးမြင့်သန်း (စာရေးဆရာကောင်းလွန်း) က မန္တလေးတိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ဈေးကွက်ဗျူဟာ ခေါင်းစဉ်တို့နဲ့ စာတမ်းတွေ အသီးသီး ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဖိတ်ကြားထားသူတွေနဲ့ စိတ်ဝင်စားသူ ၁၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013