DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့်တည်ငြိမ်ရေးလုပ်ငန်းများကို ပျက်အောင်လုပ်ဆောင်မှုများရှိဟု ၀န်ကြီးချုပ်ပြော
DVB
·
June 23, 2019
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့်တည်ငြိမ်ရေးလုပ်ငန်းများကို ပျက်အောင်လုပ်ဆောင်မှုများရှိဟု ၀န်ကြီးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ပျက်သွားအောင်နဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာတွေ ရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေတဲ့အချိန်မှာ တဖက်မှာလည်း ရခိုင်ပြည်နယ် တိုတက်မှုနှောင့်နေးအောင် လုပ်ဆောင်နေတာတွေ ရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

“ကျနော်တို့ဟာ ဒီနေ့ဒီလိုသိသာမြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆောင်ရွက်ကြ ပေမယ့် ညီညီညွတ်ညွတ်နဲ့ တကယ့်ကို ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေပေမယ့် တဖက်မှာ ဒီအရှိန်အဟုန်တွေ တန့်သွားအောင် ဒီလုပ်ငန်းတွေ ပျက်သွား အောင် မတည်မငြိမ်ဖြစ်လာအောင် ဒါတွေလည်း ရှိပါတယ်၊ ရှိမှာပါ၊ ကျနော်တို့ ၀မ်းမနည်းပါဘူး၊ ဒီမိုကရေနိုင်ငံပဲ၊ တဖက်ကတာဝန်ယူမှုရှိသလို တဖက်ကလည်း အတိုက်အခံတော့ရှိမှာပဲ၊ ဒါသဘာဝကျပါတယ်၊ သို့သော် မှန်မှန်ကန်ကန်အတိုက်အခံဖြစ်ဖို့ လိုပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်နေတာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်နေတာကြောင့် ပြည်နယ်အစိုးရအဖွဲ့လုပ်ဆောင်တာတွေ တာဝန်ယူတယ်လို့ ဇွန်လ ၂၀ ရက်နေ့က ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပုမှ အခုလိုပြောဆိုခဲ့တာပါ။

“အဲတော့တာဝန်ယူထားတဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိသလို၊ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ ကျနော်တို့ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိပါတယ်၊ ကျနော်တာဝန်ယူပါတယ်၊ ကျနော်တို့ပြည်နယ်အစိုးရကို ကျနော်တာဝန်ယူတယ်၊ တာဝန်ခံတယ်၊ တာဝန်ကိုကျေအောင် ကျနော်တို့လုပ်ဆောင်တယ်၊ နောက်ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အဂတိတရားကင်းရှင်း စွာနဲ့ ကျနော်တို့ လုပ်နေပါတယ်။”

အခုလို လူထုတွေ့ဆုံပွဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့လိုသလို မိမိဒေသ ဖွံ့ဖြိုးတိုးတက်အောင် အပြုသဘောဆောင်တဲ့ တင်ပြတောင်းဆိုဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အဆိုပါလူထုတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍရေး၊ အခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ တို့မှ တက်ရောက်ခဲ့ပြီး အစိုးရအဖြစ်တာဝန်ယူခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ဒေသဖွံဖြိုးရေး လုပ်ဆောင်ခဲ့တာတွေကို ပြည်သူတွေကိုသိရှိစေဖို့ ချပြဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တက်ရောက်လာတဲ့ ဒေသခံပြည်သူ တွေရဲ့ တင်ပြတောင်းဆိုတာတွေကိုလည်း ဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးနိုင်ဖို့ ၀န်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013