ကျောက်တော်တွင် အင်အား ၄.၀ အဆင့်ရှိ မြေငလျင်လုပ်
DVB
·
June 23, 2019

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့ မွန်းလွဲက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၂၃ မိနစ် ၅၅ စက္ကန့်အချိန်က ကျောက်တော်မြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၁၈ ဒီဂရီ၊ အနက် ၂၁ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











