DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် H1N1 ကြိုတင်ကာကွယ်ရေး အသိပညာပေးစာဆောင်နှင့် နှာခေါင်စည်းများ ဝေငှ
DVB
·
June 23, 2019
မန္တလေးတွင် H1N1 ကြိုတင်ကာကွယ်ရေး အသိပညာပေးစာဆောင်နှင့် နှာခေါင်စည်းများ ဝေငှ
1 / 5
Donate to DVB

ရာသီတုပ်ကွေးရောဂါပိုး H1N1 ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေး လက်ကမ်းစာဆောင်နဲ့ နှာခေါင်စည်း(Face Mask)​တွေကို မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားရှိ Food Box အနီးမှာ ဇွန် ၂၂ ရက် ညနေပိုင်းက ဝေငှခဲ့ပါတယ်။

အခုလို အသိပညာပေးလက်ကမ်းစာဆောင်နဲ့ နှာခေါင်စည်း​တွေ ဝေငှနိုင်ဖို့ မြို့ခံအလှူရှင်​တွေရဲ့ လှူဒါန်းမှုနဲ့ ပြုလုပ်တာပါ။

ရန်ကုန်တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရာသီတုပ်ကွေးရောဂါပိုး H1N1 ကြောင့် သေဆုံးမှုနဲ့ ရောဂါပိုး တွေ့ရှိသူတွေ ရှိလာတဲ့အတွက် ကြိုတင်ကာကွယ်နိုင်ဖို့ အခုလို အသိပညာပေးတာ ပြုလုပ်တာလို့ One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့မှ ဦးဝမ်းက ပြောပါတယ်။

“တရက်ကို အသိပညာပေး လက်ကမ်းစာစောင် ၁၀၀၀ နဲ့ နှာခေါင်စည်း(Face Mask)​ ၁၀၀၀ ဝေငှပေးမှာဖြစ်ပြီး ဇွန် ၂၅ ရက်ထိ နေ့စဉ် ဝေငှမှာပါ၊ အလှူရှင် ထပ်ရှိလာပါက ရက်တိုး လုပ်ဆောင်သွားမယ်” လို့ ဦးဝမ်းက ပြောပါတယ်။

ကျန်းမာ​ရေးဝန်​ကြီးဌာန ထုတ်​ပြန်​ချက်​အရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၂၀) ရက်နေ့အထိ စုစုပေါင်းလူနာ (၁၆) ဦးမှာ Influenza A (H1N1)pdm09 ပိုးတွေ့ရှိခဲ့ပြီး ၆ ဦး သေဆုံးခဲ့​တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူလူထုအနေနဲ့ ရောဂါကြိုတင် ကာကွယ်ရေးအလေ့အကျင့်တွေဖြစ်တဲ့ ပါးစပ်နဲ့ နှာခေါင်းကိုကာပြီး နှာချေချောင်းဆိုးတာ၊ နှာချေချောင်းဆိုးပြီးချိန်၊ ရာဂါပိုးရှိသူအား ကိုင်တွယ်ပြီး ချိန်နဲ့ အများသုံး အရာဝတ္ထုပစ္စည်းများထိတွေ့းပြီးချိန်တိုင်း လက်ဆေးတာ၊ လူထုထပ်သော နေရာတွေကို မလိုအပ်ဘဲ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း စတာတွေကို လိုက်နာဆောင်ရွက် သွားကြဖို့ တိုက်တွန်းထားပါတယ်။

တုပ်ကွေးဆန်ခြင်းနှင့် ဂဏာမငြိမ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အဖျားကြီးတာ၊ အသက်ရှူကြပ်တာ၊ အသက်ရှူခက်တာတွေ ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

သော်တာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013