
H1N1 ရာသီတုပ်ကွေးကာကွယ်ဆေး ဝယ်လိုအားများလာလို့ ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ ကာကွယ်ဆေးတင်သွင်းဖြန့်ဖြူးသူတွေက ပြောပါတယ်။
H1N1 ကြောင့် လူသေဆုံးတာတွေ ရှိလာတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်အပြီးမှာ ကာကွယ်ဆေး ထိုးခြင်သူတွေ များလာတာကြောင့် ဈေးကွက်ထဲမှာ H1N1 ရာသီတုပ်ကွေး ကာကွယ်ဆေး မရှိသလောက်နည်းနေပြီး ဈေးနှုန်းတွေလည်း မူလဈေးထက်မြင့်တက်နေတယ်လို့ ဆေးဖြန့်ဖြူးသူတွေက ဆိုပါတယ်။
ရောင်လိုအားနဲ့ ဝယ်လိုအားမမျှတလာတဲ့အပေါ်မှာ တုပ်ကွေးကာကွယ်ဆေးက ပြတ်လပ် နေတာ ဟုတ်ပါတယ်လို့ ကာကွယ်ဆေးတင်သွင်းရောင်းချနေတဲ့ Bangkok Women’s Health Centerရဲ့ ဈေးကွက်ပိုင်းတာဝန်ရှိသူ ကိုစစ်ပိုင်ဦးက ပြောပါတယ်။
ဒါ့အပြင် တုပ်ကွေးကာကွယ်ဆေးတွေရဲ့ ဈေးနှုန်းက လတ်တလောမှာ ယခင်ဈေးထက် မြှင့်ပြီး ရောင်းနေတာတွေနဲ့ ဝယ်ယူမရနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့နေတယ်လို့လည်း ဆိုပါတယ်။
ကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပြီးသား မဖြစ်တဲ့အတွက် ဆေးထိုးထား သူတွေအပေါ် မူတည်ပြီးရရှိတဲ့ အာနိသင်အနေအထား မတူနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အဓိကတော့ အစာအာဟာရပြည့်အောင်စားတာနဲ့ လက်ပုံမှန်ဆေးပေးတာတို့က လူထုအတွက် အရေးပါတဲ့ကာကွယ်ခြင်း တွေဖြစ်ပါတယ်။
Health Center H1N1 ရောဂါပိုးကူးစက်တာနဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် အခုဇွန်လအတွင်းမှာ လူ ၇ ဦးသေဆုံးခဲ့ပြီလို့ သိရပါတယ်။
မေစု











