DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် မိခင်ကို သားဖြစ်သူက ပေါက်တူးဖြင့် ခုတ်သတ်မှုဖြစ်ပွား
DVB
·
June 23, 2019
ဘားအံမြို့တွင် မိခင်ကို သားဖြစ်သူက ပေါက်တူးဖြင့် ခုတ်သတ်မှုဖြစ်ပွား
1 / 3
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၁ ရပ်ကွက် လှာကမြင်လမ်းမှာ အရက်မူးနေတဲ့ သားဖြစ်သူက ပေါက်တူးနဲ့ခုတ်ခဲ့တဲ့အတွက်ကြောင့် မိခင်ရင်းဖြစ်သူ သေဆုံးခဲ့တယ်လို့ ဇွန် ၂၂ ရက် မနက်ပိုင်းက ဆွေမျိုးတော်စပ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

ဖြစ်စဉ်မှာ ၂၁ ရက် ညအချိန် လေဖြတ်နေသူ ဒေါ်သန်းမြင့် (အသက် ၆၀ နှစ်) နေအိမ်မှာ ရှိနေစဉ် သားဖြစ်သူ ဦးခင်မောင်လွင် (အသက် ၄၂နှစ်) အရက်မူးပြန်လာတဲ့အတွက် တယောက်တခွန်း စကားများရာက မိခင်ဖြစ်သူရဲ့ မျက်နာ၊ လည်းပင်တွေကို ပေါက်တူးနဲ့ ခုတ်ရာ မိခင်ဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးခဲ့တာပါ။

ဦးခင်မောင်လွင်ဟာ ပန်းရံလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး နေ့စဉ်အရက်သောက် ပြန်လာတိုင်း လေဖြတ်နေတဲ့ မိခင်နဲ့စကားများ ဆူညံနေကျဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အိမ်နီးချင်းတွေက သတိမထားမိကြောင်းနဲ့ နေအိမ်မှာ သားအမိနှစ်ဦးပဲနေထိုင်ကြောင်း ပတ်ဝန်းကျင် ပြောကြားချက်တွေအရ သိရပါတယ်။

ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လှာကမြင်လမ်း၊ ဦးဝင်းနိုင်(ဆွေမျိုးတော်စပ်သူ)က “ကျနော်သွားကြည့်တဲ့အချိန်မှာ တံခါးထောင့်ဘက် လှေခါးအတက်အဆင်းမှာပေါ့။ ပျဉ်ပြားကြီးက ကျွံပြီးတော့ ခေါင်းကတွဲနေတယ်။ ဒါနဲ့ လှမ်းကြည့်လိုက်တော့ မျက်နှာကကြေနေပြီ။ ခါတိုင်းလည်း သားအမိတွေ ဆူညံနေတာပဲလေ။ ဒီလိုမျိုး ဖြစ်နေကျဆိုတော့ ညဘက်ဘယ်သူမှ သွားမကြည့်မိဘူး။ မနက်ကျမှ သိကြတာ”လို့ ပြောပါတယ်။

သေဆုံးသူ ဒေါ်သန်းမြင့်ကို ဘားအံမာဃလူမှုကူညီရေးအသင်းက ဘားအံပြည်သူ့ ဆေးရုံးကြီးကိုပို့ဆောင်ပေးခဲ့ပြီး ဘားအံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ဦးခင်မောင်လွင်ကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးပြီး တရားစွဲဆိုနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013