DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့တွင်​ အများပြည်​သူအတွက်​ food bank ထားရှိ
DVB
·
June 23, 2019
မြင်းခြံမြို့တွင်​ အများပြည်​သူအတွက်​ food bank ထားရှိ
1 / 6
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ ဆန္ဒ​တော်​ပြည့်စေတီအနီးမှာ ဇွန်​လ ၂၂ ရက်​​နေ့ ​နေ့လယ်​ပိုင်းကစတင်​ပြီး အများပြည်​သူတွေ အခမဲ့ စားသုံး​စေဖို့​ ရည်​ရွယ်​ပြီး food bank တခုကို ထားရှိ​ပေးခဲ့ပါတယ်​။

food bank ကို မြင်းခြံမြို့ forever friends လူငယ်​ပရဟိတအဖွဲ့နဲ့ မြင်းခြံမြို့မှ ​အလှူရှင်​များစု​ပေါင်းပြီး အစားအစာ​တွေကို ဝယ်ယူ​မစားနိုင်​​တဲ့ ဆင်းရဲနွမ်းပါးချို့တဲ့ တဲ့ ပြည်​သူတွေအတွက်​ ရည်​ရွယ်ဖွင့်​လှစ်​ထားရှိခဲ့တယ်​လို့ သိရပါတယ်​။

forever friends အဖွဲ့​ခေါင်း​ဆောင်​ဖြစ်​တဲ့ ကို​ဇော်​မင်း​အောင်​ က "အဓိကရည်​ရွယ်​ချက်​က ဒီ food bank ထဲရှိ အစားအစာ​တွေကို လူမျိုးဘာသာ အယုတ်​အလတ်​ အမြတ်​မ​ရွေး ယူ​ဆောင်​စား​သောက်​နိုင်​​ရေးအတွက်​ လှူဒါန်းတာ ဖြစ်​ပါတယ်​။ ​နောက်​ပြီး မိမိအတွက်​လည်းယူ အခြားသူများလည်းရရှိ​စေ​ရေးအတွက်​ စည်းကမ်းရှိဖို့ကအ​ရေးကြီးပါတယ်​။ ကိုယ့်ထက်​တကယ်​ ဆင်းရဲချို့တဲ့​သောသူများ ရရှိ​စေဖို့ဆိုတဲ့ အသိစိတ်​ဓာတ်​​လေး​မွေးကာ ယူ​ဆောင်​စား​သောက်​​စေဖို့ ရည်​ရွယ်​လုပ်​​ဆောင်​တာဖြစ်​ပြီး၊ ​ရေရှည်​တည်​တံ​အောင်​မြင်​​စေဖို့ဆိုရင်​ စည်းကမ်းရှိရှိဖြင့် ကိုယ်​ချင်းစာတရား လက်​ကိုင်​ထားကာ တဖက်​တလမ်းက ပူး​ပေါင်းပါဝင်​ကြဖို့လည်း လိုပါတယ်​”လို့ ​ပြောပါတယ်​။

food bank ထဲမှာ မုန့်​မျိုးစုံနှင့်​အတူ ​ရေဘူး၊ အချိုရည်​ဘူတွေကိုလည်း ထားရှိ​ပေးခဲ့တာဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ ဇွန်​လ ၆ ရက်​​နေ့က မန္တ​လေးမြို့တွင်​ one to one ပြည်​သူ့ကူညီ​ရေးပရဟိတအဖွဲ့မှ food bank ကို စတင်​ပြုလုပ်​ခဲ့တာဖြစ်​ပြီး အခုဆိုရင်​ အခြားမြို့ကြီးတ​ချို့တွေမှာ food bank ​တွေကို ဖွင့်​လှစ်​ထားရှိ​နေကြပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ)၊ ဓာတ်​ပုံ - ကို​ဇော်​မင်း​အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013