DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်များ ရေဆိုးထုတ်လွှတ်သဖြင့် ကျေးရွာ ၅ ရွာ ထိခိုက်နစ်နာနေမှု ဆွေးနွေး
DVB
·
June 23, 2019
စက်မှုဇုန်များ ရေဆိုးထုတ်လွှတ်သဖြင့် ကျေးရွာ ၅ ရွာ ထိခိုက်နစ်နာနေမှု ဆွေးနွေး
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒုတ္ထဝတီမြစ်ဘေးနေထိုင်ကြတဲ့ ကျေးရွာ ၅ ရွာကဒေသခံတွေဟာ စက်မူဇုန်တွေက ရေဆိုးထုတ်လွှတ်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာနေမှုတွေရှိနေတယ်ဆိုပြီး  ဇွန်လ ၂၂ ရက်က မန္တလေးကွန်မြူနတီစင်တာမှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၁၀ ပြည့်နှစ်လောက်ကတည်းက ရေဆိုးတွေကို တောင်အင်း မြောက်အင်းထဲကို စပြီးစွန့်ပစ်လာတာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကောက်ပဲသီးနှံတွေလည်း ဆုံးရှုံးမှုရှိလာတာလို့ ညောင်ပင်စောက် ကျေးရွာက ကိုထွန်းမြတ်ကပြောပါတယ်။

၂၀၁၅ မှာတော့ ၁၀ လက်မပိုက်နဲ့ စက်မူဇုန်ကထွက်သမျှ ရေဆိုးတွေကို ဒုတ္တဝတီမြစ်ထဲ စွန့်ပစ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။   

ဒုတ္ထဝတီမြစ်ရိုးတလျောက် နေထိုင်ကြတဲ့ ညောင်ပင်စောက်ကျေးရွာ ညောင်ပင်နီ စာတိုး မြို့ပြင်ကြီး၊ ဥယျာဉ်တော်စတဲ့ ကျေးရွာက ဒေသံတောင်သူ ၅၀ ကျော်က စက်ရုံတွက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေ အနံ့အသက်တွေကြောင့် ကျန်းမာရေး ထိခိုက်မှုတွေရှိနေပြီး သီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။  

“မြစ်ရိုးတလျောက် မြစ်ရေကိုသုံးစွဲနေကြတဲ့ ဒေသခံတောင်သူတွေ၊ ကျွဲနွားတွေ၊ ကလေးသူငယ်တွေအတွက် အင်မတန် စိုးရိမ်စရာကောင်းတာကြောင့် သက်ဆိုင်ရာကို အမြန်ဆုံးတင်ပြသွားမယ်” လို့ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့က ကိုမောင်မောင်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013