DVB Logo
Home
Lead Story
ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ကွီလူမျိုးစု
DVB
·
June 23, 2019
ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ကွီလူမျိုးစု
1 / 8
Donate to DVB

မြန်မာနိုင်ငံအတွင်းက ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ လူနည်းစုတိုင်းရင်းသားတွေထဲက ကွီလူမျိုးစုကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်တွေ့ရှိခဲ့ပါတယ်။

စတင်တွေ့ရှိသူဟာ နမ့်ယွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒံယေလဖြစ်ပါတယ်။ လက်ရှိ ကွီလူမျိုးစုတွေနေထိုင်တဲ့ ကျေးရွာကို နားအဲယ်ကျေးရွာ(၂) လို့သတ်မှတ်ပေးထားကာ လိုအပ်တဲ့ အကူအညီတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ နယ်မြေခံ ပြည်နယ်လွှတ်တော်ကိုယ်သားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဝိုင်းဝန်းထောက်ပံ့ထားပါတယ်။

ဒါ့အပြင် လက်ရှိ နေထိုင်တဲ့နေရာကနေ ပြောင်းရွှေ့မသွားဖို့ စည်းရုံးထားတယ်လို့လည်း မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ကွီလူမျိုးစုဟာ တိုင်းရင်းသား ၁၃၅ မျိုးအတွင်းမှာ ပါဝင်ပြီး ကုတ်နံပါတ်ကတော့ ၈၀၃ ဖြစ်ပါတယ်။ သူတို့တွေဟာ သီခြားနေထိုင်ကြပြီး ရွာလုံးကျွတ် ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဓလေ့ရှိသူတွေဖြစ်ပါတယ်။ လက်ရှိတွေ့ရှိထားတာဟာ လူနေအိမ် ၁၀ လုံးနဲ့ လူဦးရေ အယောက် ၅၀ ဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ ကွီလူမျိုးကျေးရွာဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူတွေဖြစ်ပြီး လပြည့်လကွယ်နေ့တိုင်း သူ့တို့ရွာထိပ်မှာ ကိုယ်တိုင်ဆောက်လုပ်ထားတဲ့ ဓမ္မာရုံမှာ နတ်ဆရာက ဦးဆောင်ပြီး ဆုတောင်း မေတ္တာပို့ ကြပါတယ်။

ကွီလူမျိုးစုတွေဟာ ရွှေ့ပြောင်းနေထိုင်ကြသူတွေဖြစ်တာကြောင့် လူနေအိမ်ကို ကြီးကြီးမားမားဆောက်လုပ်ထားတာ မရှိပါဘူး။ ဒါ့အပြင် နေအိမ်အတွင်းမှာလည်း ပရိဘောဂ အဆောင်အယောင်ပစ္စည်း ဘာမှ အပိုမရှိတာ တွေ့မြင်ရပါတယ်။

သူတို့ရဲ့ ကိုယ်ခန္ဓာဟာ သိသိသာသာ သေးငယ်နေကြပြီး အရွယ်ရောက်ပြီး အမျိုးသား တယောက်ရဲ့ အရပ်ဟာ (၄) ပေ ဝန်းကျင်လောက်တာ ရှိကြပါတယ်။ အမျိုးသားတွေဟာ အဖြူရောင် အင်္ကျီအရှည်နဲ့ ဘောင်ဘီအပြာရောင်ကို ဝတ်ဆင်ကြပါတယ်။ အမျိုးသမီးတွေလည်း အဖြူရောင် အင်္ကျီနဲ့ ထမီအပြာရောင်ကိုပဲ ဝတ်ဆင်ပါတယ်။

ကွီလူမျိုးစုတွေဟာ အသက် (၁၄)နှစ် (၁၅)နှစ်လောက်မှာပဲ အိမ်ထောင်ပြုကြပါတယ်။ မိမိလူမျိုးစုကိုသာ ထိမ်းမြှားလက်ထပ်ကြပြီး အခြားလူမျိုးနဲ့ အိမ်ထောင်ပြုတာ လုံးဝမရှိဘူးလို့ ဆိုကြပါတယ်။

သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပညာကတော့ မိရိုးဖလာတောင်ယာစိုက်တာ၊ အမဲလိုက်တာ အပြင် ဝါးနဲ့ ပြုလုပ်တဲ့ ဖျာ၊ တောင်၊ ပလိုင်းတွေပြုလုပ်ပြီး ရောင်းချ စားသောက်ကြပါတယ်။

ကွီလူမျိုးစုကျေးရွာကို မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတွေ့ရှိထားတာ ဒီတရွာပဲ ရှိပါတယ်။

ဓာတ်ပုံ - ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013