DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် တညင်းခင်းသွားသည့် အရပ်သားတဦး မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်
DVB
·
June 23, 2019
ပုဏ္ဏားကျွန်းတွင် တညင်းခင်းသွားသည့် အရပ်သားတဦး မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်တန်းမှာရှိတဲ့ ထုံးဗူး ကျေးရွာသားတဦးဟာ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၂၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်က  မြိုတိုင်းရင်းသား ဦးထွန်းမောင် (၄၀) နှစ်ဟာ အပေါင်းအဖော်တဦးနဲ့အတူ ထုံးဗူးကျေးရွာနဲ့ တမိုင်လောက်အကွာအဝေးမှာရှိတဲ့ တညင်းခင်းကို သွားရာမှ မိုင်းနင်းမိပေါက်ကွဲသွားတာကြောင့် ခြေထောက်တဖက် ပြတ်လုနီးပါး ဖြစ်သွားသလို နောက်ခြေတဖက်မှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားတာပါ။

REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “သူ့မှ တညင်းစိုက်ခင်းရှိတယ်။ နှစ်ယောက်သွားကြတာမှာ တယောက်ကမိုင်း နင်းမိတယ်။ နောက်တယောက်ကတော့ မိုင်းမနင်းဘူးပေါ့။ မိုင်းနင်းတဲ့သူက ခြေတဖက်ပြတ်သွားမယ့်အခြေအနေဖြစ်နေတယ်။ နောက် ခြေထောက်တဖက်ကလည်း ဒဏ်ရာတွေအများကြီးရခဲ့တယ်”လို့ ပြောပါတယ်။

မိုင်းနင်းပြီးချိန်မှာတော့ သူ့ကို ယိုးတရုတ်တိုက်နယ်ဆေးရုံကို ယူဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် လက်ရှိမှာတော့ စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ စတင်ပြင်းထန်လာခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အချိန်ထိ REC ရဲ့ စာရင်းကောက်ယူထားချက်တွေအရတော့ မိုင်းထိသေဆုံးသူ ၁၆ ဦးလောက်ရှိပြီး ဒဏ်ရာရသူ ၄၂ ဦးလောက် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးတင်မာလာတာ ၆ လာကျော်ကြာမြင့်လာပြီဖြစ်ပြီး ပြည်နယ်ရဲ့ မြို့နယ် ၆ ခုလောက်မှာ စစ်ဘေးရှောင် ၅ သောင်းလောက်က နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါ တယ်။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- REC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013