DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းကို ငွေလှူဒါန်းခြင်း သံယာကို ရည်မှန်းဟု တပ်မတော် ရှင်းလင်း
DVB
·
June 23, 2019
ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းကို ငွေလှူဒါန်းခြင်း သံယာကို ရည်မှန်းဟု တပ်မတော် ရှင်းလင်း
Donate to DVB

မဘသ အမည်ပြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း  (ဗဟို) ညီလာခံမှာ ကျပ်သိန်း ၃၀၀ လှူဒါန်းတာဟာ သံဃာကို ရှည်မှန်းပြီး လှူဒါန်းတာလို့ တပ်မတော်က ပြောပါတယ်။

နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှာ ဇွန် ၂၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းအမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော တာပါ။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားအနီးရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်မှာ ဇွန်လ ၁၇ ရက်နေ့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ညီလာခံကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ်သက်ပုံက ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တာနဲ့ပတ်သက်ပြီး အခုလို ပြောတာပါ။

အခုလို လှူဒါန်းတာဟာ သံဃာကို ရည်မှန်းပြီးလှူဒါန်းတာဖြစ်သလို ဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားရေးအပါအ၀င် ပရဟိတလုပ်ငန်းတွေကြောင့် လှူဒါန်းရတာလို့ ဆိုပါတယ်။

ဒါအပြင် ဒီဖောင် ဒေးရှင်းညီလာခံမှာ လက်ရှိအစိုးရကို ဝေဖန်တိုက်ခိုက်တာတွေရှိတဲ့အတွက် တပ်မတော်အနေနဲ့ လှူဒါန်းရတာ မျက်နှာမပူဘူးလားလို့ သတင်းထောက်တဦးရဲ့ မေးမြန်းမှုကိုလည်း ဗိုလ်မှူးချုပ်က အခုလို ရှင်းလင်းပါတယ်။

“သံဃာကို ရည်းစူးပြီး လှူတာနဲ့ ရည်ရွယ်ချက်ကို ရည်စူးပြီး လှူဒါန်းတဲ့အတွက်ကြောင့်  အဲဒီါဟာတွေနဲ့ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့အတွက်ကြောင့် ကျနော်တို့က မျက်နှာပူစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ အမျိုးဘာသာသာသနာအတွက် လုပ်ဆောင်တဲ့လုပ်ငန်းတွေကို မျက်နှာပူမယ်ဆိုရင် မျက်နှာပူတဲ့လူက အမျိုးဘာသာသာသနာလုပ်ငန်းတွေကို မလုပ်ဆောင်ချင်လို့ မျက်နှာပူတာဖြစ်မယ်။ ကျနော်တို့က ဒီလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် မျက်နှာပူစရာ အကြောင်းမရှိပါဘူး။”

ဒါအပြင် ဆန့်ကျင်တဲ့အနေအထားတွေ၊ ဆန့်ကျင်ဘက်ပဋိပက္ခတွေကို အားပေးပြီး လှူဒါန်းတာမဟုတ်ကြောင်းလည်း  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013