DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားသမ္မတ၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ
DVB
·
June 23, 2019
ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားသမ္မတ၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) တို့နဲ့ ဘန်ကောက်မြို့ရှိ Athenee Tower မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားသမ္မတတို့ ဇွန် ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ တွေ့ဆုံခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာနဲ့ အင်ဒိုနီးရှားသမ္မတအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက ရခိုင်လူမှုအသိုက်အဝန်းအားလုံးအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် ရခိုင်ပြည်နယ်မှာ ဆေးရုံတရုံတည်ဆောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိတယ်၊ နှစ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်များခံစားကြရတဲ့ နိုင်ငံတွေ ဖြစ်ပြီး အပြန် အလှန်အကူအညီတွေ ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ သမ္မတ ဂျိုကိုဝီဒိုဒိုက ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်ညှိနှိုင်းပေးအပ်သွားမယ်၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ဗဟိုဌာန (AHA) ရဲ့ ကနဦးလေ့လာအကဲဖြတ်မှုအစီအစဉ်ပါ အကြံပြုတင်ပြချက်တွေ အကောင်အထည်ဖော်ရေးကိစ္စတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ - ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုနဲ့ ပေါင်းစည်းဆက်သွယ်မှု တိုးမြှင့်နိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ - ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတတားစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနဲ့ အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံအကြား တရားမဝင် အလုပ်သမားတွေ တရားဝင်ဖြစ်ရေးနဲ့ နေရပ်စွန့်ခွာမြန်မာနိုင်ငံသားတွေ နေရပ်ပြန်လည် လွှဲပြောင်းလက်ခံရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။

မောတောင်- ဆင်ခွန်း နယ်စပ်စခန်းသစ်ဖွင့်လှစ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဗဟိုဌာန (AHA) ကနဦးလေ့လာအကဲဖြတ်မှုအစီအစဉ်ပါ အကြံပြုတင်ပြချက်တွေကို အကောင်အထည်ဖော်ရေးကိစ္စနဲ့ ထိုင်းနိုင်ငံက အားပေးကူညီသွားမယ့် ကိစ္စရပ်တွေ  ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲတွေကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ဦးကျော်တင်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013