DVB Logo
Home
မြန်မာသတင်း
လူ ၃၀၀၀ ကျော်နေသည့် စင်းဘောကိုင်းကယ်ဆယ်ရေးစခန်း မိုးရွာပါက တောင်ကျရေဖြင့် မျောပါနိုင်
DVB
·
June 22, 2019
လူ ၃၀၀၀ ကျော်နေသည့် စင်းဘောကိုင်းကယ်ဆယ်ရေးစခန်း မိုးရွာပါက တောင်ကျရေဖြင့် မျောပါနိုင်
1 / 5
Donate to DVB

စစ်ဘေးရှောင် ၃၀၀၀ ကျော် နေထိုင်တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းကယ်ဆယ်ရေးစခန်းဟာ မိုးရွာသွန်းမှုဖြစ်ပေါ်ပါက အချိန်မရွေးတောင်ကျရေနဲ့ မျောပါသွားနိုင်တယ်လို့ ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ လေးမြို့မြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် ပုံမှန်အချိန်တွေမှာ နေထိုင်နိုင်ပေမယ့် မိုးရွာသွန်းတဲ့အခါမှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရေထဲမျောပါသွားမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

စခန်းတာဝန်ခံတဦးဖြစ်တဲ့ နှင်းခါးဆရာတော် အရှင်သုဝဏ္ဏသတ္တက “အခြေအနေကတော့ တောင်ချောင်းဖျားက စီးလာတဲ့ရေဟာ စခန်းတခုလုံးမြုပ်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ ဆိုတော့ ကိုယ်တော်တို့က စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတာပေါ့။ တကယ့်ကို မိုးကြီးကြီးရွာတယ်ဆိုရင် စိုးရိမ်ရတယ်။ မိုးလာလာ၊ လေတိုက်တိုက်ကတော့ ဒီကလူတွေက အနည်းအကျဉ်းတော့ ဒုက္ခခံစားရကြပါတယ်။ တအားကြီး လေတိုက်တယ်ဆိုတော့ ရေမြုပ်ပြီး အကုန်မျောပါသွားမယ်” လို့ ပြောပါတယ်။

နေရာပြောင်းရွှေ့တည်ဆောက်ဖို့ လျာထားတဲ့ နေရာကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

စင်းဘောကိုင်းစခန်း တာဝန်ခံတဦးဖြစ်တဲ့ ဦးမောင်ဖြူက “မိုးမရွာခင်ထိတော့ နေလို့ရတာပေါ့။ မိုးရွာရင် နေလို့မရတော့ဘူး။ မိုးရွာလာရင် ရေကျလာရင် တဲတွေမြုပ်လာမယ့် အခြေနေရှိတယ်” လို့ ပြောပါတယ်။

အဲဒီစခန်းမှာ စစ်ဘေးရှောင် မိသားစု ၄၅၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော်တည်ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တို့ကြား တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်အတွင်းက ဘုရားကြီး၊ မော်ရွာဟောင်း၊ မော်ရွာသစ်၊ စာပေါင်၊ ခြိတ်ချောင်း စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၈ ခုလောက်က ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013