DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 22, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်  စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင်တအိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၉၁၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီအသစ် တအိတ်ကို ၁၀၂၀၀၀ ကနေ ၁၀၂၅၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

စီပီပြောင်း

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၄၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတကမ်လာပါတယ်။

ပခုက္ကူကုန်စ ည်ဒိုင်မှာ  တော့ တအိတ်ကို ၂၅၂၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

မြေပဲလုံးဆံနီ

မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက တပိဿာကို ၃၅၇၅ ကျပ်ကနေ ၃၆၂၅ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၅၀၀ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မုံရွာ နဲ့အောင်လံကုန်စ ည်ဒိုင် တပိဿာကို ၁၂၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းဖြူ

မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅၀၀၀ ပေါက်ဈေးရှိပြီး မုံရွာနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၆၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၆၀၀ ကနေ ၇၉၀ ပေါက်ဈေးရှိပြီး ၄၀ ကျပ်ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၆၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူ နဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၄၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013