DVB Logo
Home
မြန်မာသတင်း
တကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲ မြန်မာမသန်းစွမ်းလူငယ်များ ယှဉ်ပြိုင်မည်
DVB
·
June 22, 2019
တကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲ မြန်မာမသန်းစွမ်းလူငယ်များ ယှဉ်ပြိုင်မည်
Donate to DVB

တကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းလူငယ်များအတွက် အိုင်စီတီနည်းပညာသင်တန်းနဲ့ မသန်စွမ်းလူငယ်များရဲ့ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ နည်းပညာစိန်ခေါ်မှူပြိုင်ပွဲ ပဏာမရွေးချယ်မှူပြိုင်ပွဲကို ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူတွေ ကိုရီးယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

မသန်စွမ်းလူငယ်များရဲ့ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ နည်းပညာစိန်ခေါ်မှူ ပြိုင်ပွဲအတွက် ပဏာမ ရွေးချယ်မှူပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် ပမာဏာ လူရွေးချယ်ပွဲကိုတော့ ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ Hotel 99 မှာ ကျင်းပခဲ့ပြီး ၄ ယောက် ရွေးချယ်ခဲ့ပါတယ်။

ရွေးချယ်ခံရတဲ့ မသန်စွမ်းလူငယ်တွေကတော့ အမြင်အာရုံမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်းနဲ့ ကိုယ်လက်အင်္ဂါ မသန်းစွမ်းထဲက တဦးစီကို ရွေးချယ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013