DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အများပြည်သူ အခမဲ့ အသင့်ယူစားသုံးနိုင်သည့် Food box ထားရှိ
DVB
·
June 22, 2019
မိတ္ထီလာတွင် အများပြည်သူ အခမဲ့ အသင့်ယူစားသုံးနိုင်သည့် Food box ထားရှိ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာတက္ကသိုလ် အရှေ့ဘက်ဝင်ပေါက်အနီးမှာ ဇွန် ၂၁ ရက်မနက်က အများပြည်သူ အခမဲ့ အသင့်ယူစားသုံးနိုင်တဲ့ Food box တခု ထားပေးတယ်လို့ ဗေဒါလမ်းဆရာတော် ဥူးဓမ္မသာရက ပြောပါတယ်။

"အစားအစာ ဆာနေသူတွေအတွက် ထားပေးတာပါ။ မနက်ဖြန်မှာ တရားရုံးနားမှာတခု ထားပေးမယ်။ ဒါကလည်း အများပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာတခုပါ။ ဖျော်ရည်နဲ့ ရေသန့်၊ မုန့်၊ ခေါက်ဆွဲခြောက်တွေ ထားပေးတယ်။ ကုန်သွားလို့ အလှူရှင်တွေက ထပ်ဖြည့်ပြီး ထည့်ပေးနေပါတယ်။ ဒီလိုအစဉ်အလာကောင်းကို အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေချင်တယ်" လို့ မိန့်ကြားပါတယ်။

တက္ကသိုလ်ကျောင်းသားတဦးက "Food box ထားပေးပြီး နာရီဝက်အတွင်း ကုန်သွားတယ်၊ ကျောင်းသွားရင်း ယူစားမလို့ လာလိုက်တာ ကျနော်တောင် မမီလိုက်ဘူး၊ ထပ်ပြီးတော့ လာဖြည့်နေတာတွေ့တယ်" လို့ ပြောပါတယ်။

Food box အတွင်းမှာ အစားအစာတွေ တခါထည့်ရင် ၁ သောင်းခွဲကနေ ၂ သောင်းခွဲအတွင်း ကုန်ကျပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013