DVB Logo
Home
မြန်မာသတင်း
ဆေးပေါင်းစက်ရုံအတွက် သစ်ပင်များခုတ်လှဲနေသဖြင့် သစ်တောပြုန်းတီးမှာကို ပေါက်မြို့ခံများစိုးရိမ်
DVB
·
November 21, 2012
Donate to DVB

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့မှာရှိတဲ့ ဗားဂျီးနီးယား ဆေးပေါင်းစက်ရုံမှာအသုံးပြုဖို့ ထင်းလောင်စာတွေအတွက် သစ်ပင်တွေ ခုတ်လှဲနေလို့ သစ်တောတွေ ပြုန်းတီးသွားမှာကို ပေါက်မြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက် RPMM ဗားဂျီးနီးယား ဆေးပေါင်း စက်ရုံကနေ ပခုက္ကူခရိုင် ပေါက်ဒေသမှာ ဆေးပေါင်းလုပ်ငန်းအတွက် သစ်ခုတ်ယူနေတယ်လို့ ပေါက်ဒေသခံ ကိုရဲမင်းထွန်းက ပြောပါတယ်။

“ပေါက်က ဗာဂျီးနီးယား ဆေးပေါင်းရုံက နှစ်စဉ် ထင်း တန်ချိန် ၁ သောင်းလောက် တရားမ၀င် ခုတ်တယ်။ ၁၀ ပေ၊ ၅ ပေ၊ ၃ ပေပေါ့။ လာမယ့် နှစ်လည်း ခုတ်ဖို့ စိုင်းပြင်းနေကြတယ်။ ပြီးခဲ့တဲ့နှစ် စာရင်းဇယားတွေအရ သစ်တောကို RPMM ဗားဂျီးနီးယားကုမ္ပဏီပေါ့။ ဦးပိုင်ကနေ ငှားပြီးလုပ်တဲ့ နိုင်ငံခြားကုမ္ပဏီပေါ့။ အဲကုမ္ပဏီက ဦးဆောင်ပြီး ပြီးခဲ့တဲ့ နှစ်က သစ်တောဦးစီးကို သိန်း ၄၀ ပေးတယ်။ ကျန်တဲ့ ဌာနဆိုင်ရာတွေကိုလည်း အသီးသီး ပေးကမ်းပြီး စုစုပေါင်း သိန်း ၇၀ လောက် ပေးပြီး ထင်းခုတ်တာတွေရှိတယ်။ လာမယ့် ဆေးပေါင်းရာသီစတော့မယ်ဆိုတော့ အဲဒါအတွက် စိုင်းပြင်းနေကြတယ်။”

ဒီနှစ်မှာလည်း ဆေးပေါင်းရာသီနီးလာပြီဖြစ်တဲ့အတွက် သစ်ပင်တွေ ခုတ်လှဲမှာကို နယ်မြေခံတွေက စိုးရိမ်နေကြတာပါ။

သစ်ပင်တွေ ခုတ်လှဲလို့ သစ်တောတွေ ပျက်စီးနေရပုံကိုလည်း ဒေသခံ ကိုရဲမင်းထွန်းက အခုလို ပြောပါတယ်။

“တောတွေ ပျက်စီးတာပေါ့။ နှစ်စဉ်ခုတ်တဲ့အတွက် တောတောင် တွေ ခြောက်ခန်းပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်တာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေကတော့ တရားမ၀င်ခုတ်တာဆိုပေမယ့် ဌာနဆိုင်ရာနဲ့ အာဏာပိုင်တွေကို ငွေ သိန်းချီပေးပြီး ခုတ်တော့ တိုင်လို့မရဘူးပေါ့။ လာမယ့် နှစ်မှာတော့ တိုင်ဖို့ စိုင်းပြင်းနေတယ်။”
လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အဲဒီ ပေါက်ဒေသမှာ ၂ နှစ်ဆက်တိုက် မိုးခေါင်တာ၊ အချိန်အခါမဟုတ် ရေကြီးတာတွေ ဖြစ်ခဲ့တာကို ဒေသခံတွေက ထောက်ပြပြီး သစ်တောတွေ ပြုန်းတီးကုန်တဲ့အတွက် ဖြစ်ရတာလို့ တွက်ဆပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013