DVB Logo
Home
မြန်မာသတင်း
မိုက်ကယ်ကျော်မြင့်အမှု တရားလို မလာရောက်နိုင်သဖြင့် ရုံးချိန်းထပ်မံ ချိန်းဆို
DVB
·
June 21, 2019
မိုက်ကယ်ကျော်မြင့်အမှု တရားလို မလာရောက်နိုင်သဖြင့် ရုံးချိန်းထပ်မံ ချိန်းဆို
Donate to DVB

နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို ဇွန် ၂၁ ရက်နေ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံတရားရုံးမှာ

ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုဖြစ်သူ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က တိုင်းဒေသကြီး အစိုးရရုံးမှာ အထူးအရေးပေါ် အစည်းအဝေးရှိတာကြောင့် မလာရောက်နိုင်တဲ့ အတွက် ခွင့်စာတင်ခဲ့တယ်လို့  ပြန်ကြားရေးအရာရှိ ဒေါ်စန္ဒာမြင့်က ပြောပါတယ်။

တရားလိုမလာရောက်နိုင်တာကြောင့် ဇွန်လ၂၈ရက်နေ့မှာတော့ တရားလိုကို စတင်စစ်ဆေးဖို့ ပြန်လည်ချိန်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က  တရားလို ပြုလုပ် တိုင်ကြားထားပြီး သက်သေ ၅ ဦး တင်သွင်းထားပါတယ်။

ပြီးခဲ့တဲ့လက ရန်ကုန် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုနေရာကို မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ဦးဆောင်တဲ့ လူစုလူဝေးက လာရောက်တားမြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013