DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 21, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထ (စပါး)

ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) က တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပုသိမ်နဲ့ ဒေးဒရဲကုန်စည်ဒိုင် ၁၈၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၃၈၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင် တအိတ်ကို ၁၀၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပေါင်းတည်ကုန်စည်ဒိုင် တအိတ်ကို ၃၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲထောပတ်

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၇၅၀၀ ကနေ ၁၀၂၉၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၁၈၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၅၀၀ ကနေ ၈၅၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၆၅၀ ကနေ ၇၅၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၅၅၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၅၄၀ ကနေ ၁၅၆၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက စပါးကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက် အဝယ်လိုက်လာတာနဲ့ အညာဒေသကို ဆန်တင်ပို့တာတွေကြောင့် ဈေးတက်လာတာ ဖြစ်ပါတယ်။ ဧည့်မထစပါးက ဒီတပတ်မှာ ၁၉၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီကလည်း ဒီတပတ်မှာ ဈေးတက်လာပါတယ်။ တရုတ်ဝယ်လက်ရှိတာနဲ့ ဒေသတွင်း ဝယ်လိုအားကောင်းတာကြောင့် ဖြစ်ပါတယ်။ ကြက်သွန်နီက ဒီတပတ်မှာ ၇၅ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013