
အီရန်အမျိုးသားအသင်းဟာ နိုင်ဂျီးရီးယားနဲ့ ခြေစမ်းပွဲမကစားခင်မှာ ပြီးခဲ့တဲ့လက မူလတန်းကျောင်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လက်ပတ်နက်တွေ ပတ်ပြီး ကွင်းထဲဝင်လာခဲ့ပါတယ်။
ကစားသမားတွေဟာ နိုင်ငံတော် သီချင်းဆိုချိန်မှာ သေဆုံးသွားတဲ့ ကျောင်းသူလေးတွေကို ရည်စူးပြီး ကျောင်းလွယ်အိတ်တွေကို ရင်ဘတ်မှာ ပိုက်ကာ အလေးပြု ပြုလုပ်ခဲ့ကြတာပါ။
အဆိုပါ ကျောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁၀ အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာတော့ အီရန်အသင်းဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပေမဲ့ အိမ်ရှင် အမေရိကန်ဘက်က လုံခြုံရေးအာမမခံနိုင်ဘူးလို့ ပြောထားတာကြောင့် ပြိုင်ပွဲဝင်ဖို့ မသေချာသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။











