DVB Logo
Home
Lead Story
ရန်ကုန်မြို့လယ်ခေါင် သေနတ်ပစ်ဖောက်ခွဲခန်းများ ပါဝင်သည့် Line Walker 2 ရုပ်ရှင် ရုံတင်မည်(ရုပ်သံ)
DVB
·
June 20, 2019
ရန်ကုန်မြို့လယ်ခေါင် သေနတ်ပစ်ဖောက်ခွဲခန်းများ ပါဝင်သည့် Line Walker 2 ရုပ်ရှင် ရုံတင်မည်(ရုပ်သံ)
Donate to DVB

    မြန်မာနိုင်ငံမှာ အပစ်အခတ်အက်ရှင်ဇာတ်ဝင်ခန်းတွေ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ကို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

    ဟောင်ကောင် Shaw Brother Pictures International Co.,Ltd မှ စီစဉ် ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ Jazz Boon က ရိုက်ကူးပုံဖော် ပေးထားခဲ့တာ ဖြစ်ပါတယ်။

    ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားနဲ့ ဆူးလေမြို့တော်ခန်းမအနီးတ၀ိုက်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေကြား စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

    ဒီကားထဲမှာတော့ ဟောင်ကောင်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Louis Koo ၊ Nick Cheung ၊ Francis Ng ၊ Johnny Melville  စတဲ့ သရုပ်ဆောင်တွေ ခေါင်း ဆောင်ပါဝင်ထားကြပြီး မြန်မာနိုင်ငံက သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ အောင်မြင့်မြတ်၊ လင်းအောင်ခေတ်တို့လည်း ပါဝင်ခဲ့တာပါ။

Line Walker ရုပ်ရှင်ဇာတ်ကားဟာ  ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မှုခင်းအခြေခံ ဒရာမာအက်ရှင်ကားတကားဖြစ်ပြီး တရုတ် စကားပြောရုပ်ရှင်ကားတကားဖြစ်ကာ အဓိသရုပ်ဆောင်တွေအဖြစ် ဟောင်ကောင်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Michael Miu၊ Charmaine Sheh၊ Raymond Lam တို့က ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

ရန်ကုန်မြို့လယ်က သေနတ်ပစ်ခတ်သံတွေ၊ ဖောက်ခွဲသံတွေနဲ့ ကြမ်းကြမ်းရမ်း ရမ်း အက်ရှင်ခန်းတွေနဲ့ ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ပရိသတ်တွေ အထူးစိတ်ဝင်စား နေကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်နေခဲ့တာပါ။

ဒီကားကို တရုတ်နိုင်ငံမှာ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေငြာထားပြီး မင်္ဂလာရုပ်ရှင်ကုမ္ပဏီကတော့ ဒီကားကို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသွားမယ်လို့ ဒီကနေ့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013