DVB Logo
Home
မြန်မာသတင်း
အမျိုးသားဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ ခွင့်ပြုချက်မရဘဲ လုပ်ငန်းလုပ်
DVB
·
November 21, 2012
Donate to DVB

ရန်ကုန်တိုင်း သင်္ဃကျွန်းမြို့နယ်မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု (အန်ဒီစီဂျီ) ဟာ အစိုးရဆီက ခွင့်ပြုချက်မရဘဲ လုပ်ငန်းလုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီဟာ ရင်းနှီမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘူးလို့ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

အများပိုင် ကုမ္ပဏီတွေ တရားဝင်မှတ်ပုံတင်ပြီး လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရင်းနှီမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အများပိုင်ကုမ္ပဏီများမှတ်ပုံတင်ရေးဌာန အကြီးအကဲ ဦးမြင့်လွင်က အခုလို ရှင်းပြပါတယ်။

“အများပိုင်ကုမ္ပဏီဆိုတာက အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ပြီးရင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ဆိုတဲ့ဟာ ရပါ့မယ်။ ရပြီးရင် မှတ်ပုံတင် လက်မှတ်ပြီးမှ လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ဆိုတာ တခုရှိသေးတယ်။ အဲဒီလက်မှတ် ရရှိပြီးမှပဲ လုပ်ငန်းစလုပ်လို့ရပါတယ်။”

အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုလိမီတက်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ ကျင်းပခဲ့တဲ့ ၁၄ လေးကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကြီးမှာ တရားဝင် လုပ်ငန်းလိုင်စင်မရှိဘဲ ဒီနေ့အချိန်ထိ ရှယ်ယာ စုစုပေါင်း ၃၂ ၀၀၀ ရောင်းချထားပြီးဖြစ်ကြောင်း ဦးခင်ရွှေက အစုရှယ်ယာရှင်တွေကို ပြောဆိုခဲ့ပါတယ်။

ဦးခင်ရွှေက အစုရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီကုမ္ပဏီကို တရားဝင်လိုင်စင်ရတဲ့အထိ ကြိုးစားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ဆောင်နေတဲ့အပေါ်ကို ဦးမြင့်လွင်က “ကျနော်တို့က အဲဒါတော့ ပြောလို့မရဘူး။ ကျနော်တို့ဆီမှာ ကုမ္ပဏီ မှတ်ပုံတင်ထားတယ်ဆိုရင် မှတ်ပုံတင် နံပါတ်ရှိတယ်။ နံပါတ် ဘယ်လောက် မှတ်ပုံတင်နဲ့ ဘယ်နှခုနှစ်၊ ဘယ်နေ့ ဘယ်ရက်စွဲနဲ့ မှတ်ပုံတင်တယ်ဆိုတာ။ သူ့လမ်းကြောင်းအတိုင်း သွားနေတာပေါ့။ အဲလိုမဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင် နံပါတ်တွေ မရပေမယ့် သူ့ဟာသူ လုပ်ငန်းလုပ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာ ပြည်ထဲရေးနဲ့ပဲ မေးကြည့်ရမှာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013