DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ၅ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ  ၃၀၀ ကျော်ရှိနေ
DVB
·
June 20, 2019
ရခိုင်ပြည်နယ်၌ ၅ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ  ၃၀၀ ကျော်ရှိနေ
Donate to DVB

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၅ လကျော်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၂၇ ဦးရှိပြီး သေဆုံးသူမရှိဘူးလို့  ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များဆုံးမြို့ကတော့ သံတွဲမြို့နယ်၊ စစ်တွေမြို့နယ်၊ ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေး တိုးချဲ့ ကာကွယ်ဆေးကူးစက်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၉ ရက်နေ့အထိပေါ့နော်။ ဖြစ်ပွားသူကတော့ ၃၂၇ ဦးရယ် အဲ့ဒီမှာသံတွဲကတော့အများဆုံးပဲ။ ပြီးတော့ စစ်တွေ၊ ဂွ၊ တောင်ကုတ်ပေါ့နော်။ ၅လ ကျော်အထိတော့  သေဆုံးမှုကတော့ မရှိသေးဘူးလို့ပြောပါတယ်”လို့ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ သံတွဲမှာ ၈၃ ဦး၊ စစ်တွေမှာ ၅၃ ဦး၊ ဂွမှာ ၅၁ ဦး၊ တောင်ကုတ်မှာ ၄၂ ဦး၊ မင်းပြားမှာ၂၂ ဦး၊ ပေါက်တောမှာ၂၀ ၊ ကျောက်တော်မှာ ၁၆ ဦး၊ ပုဏ္ဏားကျွန်း ၁၀ ဦး၊ မြောက်ဦးမှာ ၇ ဦး၊ ရမ်းဗြဲမှာ ၇ ဦးနဲ့၊ မာန်အောင်မှာ၂ ဦး၊ အမ်းမှာ၂ ဦး၊ မောင်တော ၄ ဦး၊ ဘူးသီးတောင် ၂ ဦး၊ ရသေ့တောင် ၂ ဦး၊ ကျောက်ဖြူ ၃ ဦး၊ အမ်း ၂ ဦး၊ မြေပုံ ၁ ဦးဖြစ်ကြပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင်လုပ်ဆောင်ရမယ့် အချက်တွေကိုလည်း ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ရောဂါနှိမ်နင်းရေးဌာနက  ဒေါက်တာသီဟက အခုပြောပါတယ်။

“အဓိကကာကွယ်ရမယ့် အချက်လေးချက်ရှိတယ်။ အဲ့ဒီမှာ ရေဝပ်တဲ့နေရာတွေကို ရေမဝပ်ရအောင် လုပ်ရမယ်။ ရွာတွေမှာဆိုရင် ခြင်တွေသိုလောင်နိုင်၊ ဥနိုင်တဲ့၊ ဝါးစိပ်တွေပေါ်မှာ သဲတွေထည့်ရမယ်။ အိမ်မှာရှိတဲ့ ပန်းအိုးတွေမှာ အမြဲတမ်းလည်းဖို့၊ နေ့အိပ်တာဖြစ်ဖြစ်ည အိပ်တာဖြစ်ဖြစ် ခြင်ထောင်ထောင်ပြီးအိပ်ဖို့ရယ်၊ အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေကို ဝတ်ဖို့ပေါ့နော်။ ပြီးတော့အုပ်ကန်တွေ၊ ရေစီးကန်တွေကို ခြင်၊ လောက်ကောင် တွေကို စားတဲ့ငါးရှိဖို့လိုတာပေါ့။ အဲ့ဒါတွေကိုလိုတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈၁၀ ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013