DVB Logo
Home
မြန်မာသတင်း
ဘားအံခရိုင် မီဇိုင်းတောင်ခြေ၌ ရွာသား ၁ ဦး မျှစ်ချိုးသွားစဉ် မြေမြှုပ်မိုင်းထိ
DVB
·
June 20, 2019
ဘားအံခရိုင် မီဇိုင်းတောင်ခြေ၌ ရွာသား ၁ ဦး မျှစ်ချိုးသွားစဉ် မြေမြှုပ်မိုင်းထိ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မီးဇိုင်းတောင်ခြေမှာ ရွာသားတဦး ဇွန် ၁၈ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲပြီး ယာဘက်ခြေထောက် ဒူးခေါင်းအရင်းအထိ ဒဏ်ရာရသွားလို့  ကမမောင်းဆေးရုံက တဆင့် ဘားအံဆေးရုံကို တင်ပို့လိုက်ရပါတယ်။

မိဇိုင်းကျေးရွာအုပ်စု၊ တုတ်ကြီးကျေးရွာအပြင်တောစပ်မှာ ဇွန်လ ၁၈ ရက်မွန်းလွဲပိုင်းက ဦးဘီလွန်းရဲ့သား စောဉာဏ်မင်း အသက် ၁၇ နှစ်ဟာ  မျှစ်တူးနေစဉ် တောစပ်မှာ မြေမြှုပ်မိုင်း နင်းမိ ပေါက်ကွဲခဲ့တာလို့ မိုင်းထိလူနာရဲ့ ဆွေမျိုးတော်စပ်သူ ပေပင်ဆိပ်ရွာသား စောဒေးက ပြောပါတယ်။

“ကျနော်တို့က ပေပင်ဆိပ်ရွာကပါ။ မနေ့က  မိဇိုင်းကျေးရွာအုပ်စုက တုတ်ကြီးကျေးရွာသား တယောက် မိုင်းထိတယ်။ ကမမောင်းဆေးရုံကို ပို့တင်တယ်။ အဲဒီကနေတဆင့် ဘားအံ ဆေးရုံကိုလွှဲလို့ လိုက်ပို့ ပေးခဲ့တယ်။ အခုတော့ ဘားအံဆေးရုံမှာ အစိုးရက ကူညီစောင့်ရှောက် ကျွေးမွေးတာရော ခွဲစိတ် ကုသပေးတာရော တခြား အဖွဲ့အစည်းတွေကလည်း ထောက်ပံတာတွေ တော့ လုပ်ပေးနေတာ တွေ့ရတယ်။ ဒီရက်ထဲမှာ စစ်ရေး တင်းမာတာတွေ ရှိနေတော့ နယ်မြေမအေးချမ်းဘူး။ ဘယ်နေ့ ချကြမလဲ နားစွင့်နေရတယ်။ တချို့ မိသားစုတွေ သံလွင်မြစ် အရှေ့ဘက်ကမ်း ကမမောင်းဘက် ကူးပြီး ရှောင်နေကြတယ်။ ရွာမှာတော့ ရွာသားတွေ မျှစ်တူး  ဖားရှာငါးရှာ မထွက်ရဲ ကြတော့ဘူး” လို့ ပြောပါတယ်။

မိုင်းထိလူနာဟာ ကမမောင်း ဆေးရုံကနေ မနေ့ ညနေ ၆နာရီခွဲမှာ ဘားအံ ဆေးရုံကို  ရောက်လာတဲ့အကြောင်းနဲ့ လူနာရဲ့ ဒူးခေါင်းထိပ်ကနေ ဖြတ်လိုက်ရတယ်လို့ ဘားအံ ပြည်သူ့ ဆေးရုံကြီး အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး ဦးရဲကျော်သူ ကပြောပါတယ်။

“ကျနော်တို့ ခွဲစိတ်ကုသပေးတာ ည၇:၃၀ မှာ ပြီးတယ်။ မိုင်းဒဏ်ရာခွဲစိတ်တာမှာ  ဒူးခေါင်းထိပ်ကနေ ဖြတ်လိုက်ရတယ်။ သွေး ၃ လုံးသွင်းရတယ်။ လူနာ အခြေအနေကြည့်ပြီး  တောင်ကလေး ခြေတုလက်တု ဆေးရုံကို ဆက်တက်ရမယ်။ ခြေတုလုပ်ဖို့ လေ့ကျင့်ခန်းတွေ ကြိုတင်ပြင်ဆင်တာတွေလုပ်ရပါမယ်။ လူနာမိသားစုတွေ ချို့တဲ့နွမ်းပါးတော့ အရပ်ဖက် ကူညီနေတဲ့ အဖွဲ့တွေကိုလည်း လာရောက်ကူညီ အားပေးထောက်ပံပေးကြဖို့ နှိုးဆော် ဆက်သွယ်ပေး ထားပါတယ်။” လို့ ပြောပါတယ်။

ဘားအံ ဆေးရုံအနေနဲ့လည်း လူနာကို လိုအပ်တာတွေကို စောင့်ရှောက် ကုသပေးထားတယ်လို့ သိရပါတယ်။

သတင်း- စောတာတူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013