DVB Logo
Home
မြန်မာသတင်း
မလေးရှားသွားမည့် မြန်မာ ၃၅ ဦး ထိုင်းတောင်ပိုင်းတွင် အဖမ်းခံရ
DVB
·
June 20, 2019
မလေးရှားသွားမည့် မြန်မာ ၃၅ ဦး ထိုင်းတောင်ပိုင်းတွင် အဖမ်းခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာ ၃၅ ဦး ယမန်နေ့ညက ဖမ်းဆီးခံလိုက်ရပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်၊ ခလောင့်ငဲ့ဈေးကြီး အနောက်ဘက်ရှိ ဆီအုန်းခြံထဲမှာ တရားမ၀င်သူတွေ ၀င်ရောက်ပုန်းအောင်းနေကြောင်း သတင်း ရရှိတဲ့အတွက်  ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ လ၀ကရဲတွေဟာ မနေ့ည ၈ နာ ရီလောက်က အဆိုပါ ခြံထဲကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။

ခြံထဲမှာ မြန်မာအမျိုးသား ၂၁ ဦး နဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ခရီးသွားအိတ်တွေနဲ့ အတူတွေ့ရှိခဲ့ပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် ပွဲစားက လာရောက် စောင့်ဆိုင်းထားခိုင်းတာဖြစ်ကြောင်း၊ သူတို့ဟာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတာ ဖြစ်တဲ့ အတွက် ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူက သတင်းထောက် တွေကို ပြောပါတယ်။

ဒါအပြင် သူတို့ကို လမ်းပြအဖြစ်တာဝန်ယူထားတဲ့  မြန်မာ ၁ ဦးကိုလည်း ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။

အလားတူ ရတ်တဖုန်း၊ ပတ်နမ့်နဲ့ ဟတ်ယိုင် မြို့နယ်တွေဘက်မှာလည်း မလေးရှားသွားဖို့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာတွေ ရှိသေးတယ်လို့ စစ်ဆေးသိရှိရတဲ့အတွက် သူတို့ကိုပါ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဆက်တိုက် စစ်ဆေးဖမ်းဆီးနေတာမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်အထိ တရားမ၀င်အလုပ်သမားပေါင်း ၆၆၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၆၅၂၉ ဦးကို ၄င်းတို့ နေရင်းနိုင်ငံ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး က ပြောပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိတဲ့လုပ်ငန်း ဥပမာ လုံခြုံရေးဝန်ထမ်း (အစောင့်)၊ ဆိုင်ကယ် အငှားမောင်းသမား၊ ထိုင်းရိုးရာအနှိပ်သည်နဲ့ အလှပြင်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားနဲ့ အလုပ်ရှင် စုစုပေါင်း ၁၄၂၀ ဦးကို အရေးယူ ဒဏ်တပ်ခဲ့ပြီး ဒဏ်ငွေစုစုပေါင်း ဘတ် ၄၁ သန်း ရရှိခဲ့တယ်လို့  ထိုင်းအလုပ်သမား ဌာနက သိရပါတယ်။

ကိုးကား - ချန်နယ် ၃ ထိုင်းတီဗွီသတင်း ၊ ဆယာမ်ရတ် ထိုင်းသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013