DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ခရုကတဆင့်ကူးစက်သည့် သန်ကောင်ရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်တွေ့ရှိ
DVB
·
June 20, 2019
ရခိုင်ပြည်နယ်တွင် ခရုကတဆင့်ကူးစက်သည့် သန်ကောင်ရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်တွေ့ရှိ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်မှာ ဒီနှစ် ဇန်နဝါရီကနေ ဇွန် ၁၉ ရက်အထိ  ၅ လကျော်ကာလအတွင်း ရေချိုခရုကနေ တဆင့်ကူးစက်တဲ့ သန်ကောင်ရောဂါဖြစ်ပွားသူ  ၂၀၀ ကျော်တွေ့ရှိတယ်လို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက သံသယလူနာ ၅၀၀ ကျော်ကို စစ်ဆေးရာမှာ ၂၁၄ ဦးတွေ့ခဲ့တာလို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွန်ကြားရေးမှူး  ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

အဲဒီရောဂါကို ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်က အောက်တိုဘာလမှာ စတင်တွေ့ရှိခဲ့ပြီး အဲဒီနှစ်မှာ ၁ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၄၄ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၄၇၈ ဦးနဲ့ ဒီနှစ် ၅ လကျော်အတွင်းမှာ ၂၁၄ ဦးတွေ့ရှိတာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်ထဲမှာ ရောဂါအများဆုံးဖြစ်ပွားတာဖြစ်ပြီး ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာလည်း ရောဂါဖြစ်ပွားတာတွေ့ရပါတယ်။  ရောဂါ ဖြစ်ပွားတဲ့သူတွေကတော့ အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်းအရွယ်တွေများတယ် လို့လည်း ဆိုပါတယ်။

ရေချိုခရုကတဆင့် ကူးစက်တဲ့ ကပ်ပါးပိုးကောင် (Schistosomiasis) ကြောင့်ဖြစ်တဲ့ သန်ကောင်ရောဂါဟာ လူကို ချက်ချင်း ဒုက္ခပေးတဲ့ရောဂါမျိုးမဟုတ်ဘဲ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ကြာလာရင်တော့ ကျောက်ကပ်ကသွေးယိုတာ၊ ကျောက်ကပ် ရောင်တာနဲ့ အဆုပ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့  သန်ကောင်ရောဂါရဲ့ အခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။

လူ၊ ကျွဲ၊ နွားစတဲ့ သက်ရှိတွေက စွန့်လိုက်တဲ့ မစင်ထဲမှာပါလာတဲ့ သန်ဥဟာ ရေထဲကို ကျသွားတဲ့အခါမှာ သန်ကောင်တွေဖြစ်ပြီး ခရုထဲ ရောက်သွားကာ ခရုထဲမှာ ဆက်လက်ကြီးထွား ပြီးတော့ ခြေထောက်နဲ့ လက်တွေကနေတဆင့် အရေပြားကို ဖောက်ဝင်တာပါ။

ဒါကတဆင့် လူတွေရဲ့ခန္ဒာကိုယ်ထဲမှာ သက်ကြီးကောင်အဖြစ်ပြောင်းလဲသွားပြီး နှစ်ပေါင်း ၃၀ အထိတောင်နေနိုင်ကာ  တဖြည်းဖြည်းနဲ့ လူကိုဒုက္ခပေးတဲ့ သန်ပြားကောင် ဖြစ်ပါတယ်။

ရောဂါကူးစက်ထားတဲ့ ခရုပေါက်ဖွားတာများတဲ့ ရေချိုကန်တွေ၊ လယ်ကွင်းတွေ၊ စမ်းချောင်းတွေ၊ ရေလှောင်တမံတွေ၊ ရေလှောင်ကန်တွေရှိတဲ့ ဒေသတွေမှာ ရောဂါ  ဖြစ်လေ့ရှိပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013