DVB Logo
Home
သတင်းတို
ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန် ခန့်အပ်
DVB
·
November 21, 2012
ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန် ခန့်အပ်
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက HIV နဲ့ AIDS ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေးဆိုင်ရာ အစီအစဉ်ရဲ့ UNAIDS သံတမန်အဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ HIV/AIDS ရောဂါကူးစက်ခံနေသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့တာဝန် ထမ်းဆောင်ရမယ်လို့ UNAIDS က ဆိုပါတယ်။

လူ့အသိုင်းအ၀ိုင်း အပြင်ဘက်မှာ နေထိုင်နေရသူတွေ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိန်းသိမ်းထားနိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်ကြိုးပမ်းနေရသူတွေကို ရပ်တည်ကာကွယ်ပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတာကို အထူးပဲ ဂုဏ်ယူပါတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အသံမဲ့တွေရဲ့အသံ တနည်းအားဖြင့် ပြောဆိုခွင့် မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီတာဝန်ကို လက်ခံခဲ့တဲ့အတွက် အေဂျင်စီက ဂုဏ်ယူပါတယ်လို့ UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး မစ်ချယ် ဆိုင်းဒိုင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013