DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 19, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၃၉၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၁၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၂၃၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၁၀၃၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

စားတော်ပဲလုံး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၅၈၀၀ ကနေ ၇၇၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၈၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၅၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ပဲဇီးကွက်တအိတ်ကို ၅၁၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင်တအိတ်ကို ၁၇၇၀၀၀ ကနေ ၁၈၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၂၅၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၈၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင်တအိတ်ကို ၁၆၂၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၉၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၃၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013