DVB Logo
Home
မြန်မာသတင်း
ဒေါ်စုမွေးနေ့အတွက် သမ္မတဆုတောင်းစကားနှင့် မွေးနေ့ရှင်၏ အမှတ်တရစကား  (ရုပ်သံ)
DVB
·
June 19, 2019
ဒေါ်စုမွေးနေ့အတွက် သမ္မတဆုတောင်းစကားနှင့် မွေးနေ့ရှင်၏ အမှတ်တရစကား  (ရုပ်သံ)
Donate to DVB

နေပြည်တော် လွှတ်တော်မှာ ဒီကနေ့မနက်က ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မွေးနေ့ ဆုတောင်း စကားပြောကြားခဲ့ပါတယ်။

“အမ သက်တော်ရာကျော်ရှည်ပြီးတော့ နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ သမ္မတ ဦးဝင်းမြင့်က ပြောသွား ပါတယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေအတွက်  အမှတ်တရ စကား အဖြစ် အများအတွက် တန်ဖိုးရှိတဲ့ အလုပ်တွေ လုပ်ဆောင်ကြဖို့ ပြောကြားသွားပါတယ်။

“မွေးနေ့ဆိုတာတော့ တနှစ်ကြီးသွားပြီပေါ့နော်။ တနှစ်တနှစ်က ရွေ့လျားသွားပြီ။ ရွေလျားသွားတဲ့ အချိန်အတွင်းမှာ လူတိုင်းလူတိုင်းက တနှစ်အတွင်းမှာ ကိုယ်ဘာ တန်ဖိုးရှိတာတွေ လုပ်ခဲ့သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ တန်ဖိုးရှိတယ်ဆိုတာ ကိုယ့်အတွက်တင် မဟုတ်ဘူးပေါ့နော်၊ တခြားသူတွေအတွက်ပါပေါ့။ အဲဒါလေးသုံးသပ်ပြီးတော့ နောက်နှစ်မှာ ဒီနှစ်ထက်ပိုပြီး တန်းဖိုးရှိတဲ့ ကိစ္စတွေ ဖြစ်အောင် ပြီးမြောက်အောင်လို့ လုပ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်လေးတွေ ချပေးစေချင်ပါတယ် အမေ့မွေးနေ့လက်ဆောင်အဖြစ်နဲ့” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့ပွဲကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအ၀င်  နိုင်ငံတ၀န်းမှာ သူ့ကို လေးစားချစ်ခင်သူတွေက သစ်ပင်စိုက်ပွဲတွေ အပါအ၀င် ပုံစံမျိုးစုံနဲ့ ကျင်းပနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013