DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းတီဗွီနှင့် တရားမ၀င် ဂြိုဟ်တုစလောင်းများကြောင့် ဆိုးရွားသည့်အကျိုးဆက်ဖြစ်နိုင်
DVB
·
June 19, 2019
အွန်လိုင်းတီဗွီနှင့် တရားမ၀င် ဂြိုဟ်တုစလောင်းများကြောင့် ဆိုးရွားသည့်အကျိုးဆက်ဖြစ်နိုင်
Donate to DVB

အွန်လိုင်းတီဗွီတွေ၊ ရုပ်သံလိုင်းတွေနဲ့ တရားမဝင် ဂြိုဟ်တုစလောင်းတွေနဲ့ ပတ်သက်တဲ့ အကျိုးသက်ရောက်မှုဟာ အလွန်အင်မတန်ကြီးမားပြီး လစ်လျူရှုထားရင် အင်မတန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြတယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်းတီဗွီလိုင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာတဲ့ တရားမဝင်၊ ဥပဒေအရ ခွင့်မပြုထားတဲ့ စလောင်းတွေ အများကြီးရှိပြီး စလောင်းတွေနဲ့ ပတ်သက်တဲ့ အကျိုး သက်ရောက်မှုဟာ အလွန်အင်မတန် ကြီးမားတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

နိုင်ငံတော်ကို အခွန်အခပေးပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် စီးပွားရေးအရ ခြိမ်းခြောက်တာဖြစ်စေသလို နိုင်ငံနဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူအဆ၊ ဘာသာရေးစတာတွေအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုတွေရှိတယ်လို့လည်း ပြောပါတယ်။

နောက်ပိုင်းကာလမှာ ပေါ်ပေါက်လာတဲ့ တီဗွီလိုင်းတွေနဲ့ အွန်လိုင်းတီဗွီတွေဟာ အရေအတွက်အားဖြင့် တိတိကျကျပြောဆိုဖို့ ခက်ပြီး အဲဒီလိုင်းတွေကို လေ့လာကြည့်ရင် တချို့က စည်းနဲ့ကမ်းနဲ့ စနစ်တကျရှိပေမယ့် တချို့လိုင်းတွေကတော့ စည်းကမ်းလိုက်နာတာ အားနည်းတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်သူများအသင်းဥက္ကဋ္ဌ ဦးကိုကိုကလည်း နယ်စပ်တွေက တရားမဝင် ဝင်ရောက်လာတဲ့ စလောင်းနဲ့ ဆက်စပ်ပစ္စည်းတွေက ထုတ်လွှင့်နေတဲ့ တရားမဝင် ရုပ်သံလိုင်းတွေနဲ့ အစီအစဉ်တွေဟာ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရဲ့ ပြင်ပကတမျိုး၊ ဥပဒေကို လက်တလုံးခြားတမျိုးနဲ့ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013