DVB Logo
Home
မြန်မာသတင်း
အပူပိုင်းဒေသ ချောက်​မြို့တွင်  ရုပ်​ရှင်​အစည်းအရုံးနှင့် ဒေသခံများ ပူး​ပေါင်းသစ်​ပင်​စိုက်
DVB
·
June 19, 2019
အပူပိုင်းဒေသ ချောက်​မြို့တွင်  ရုပ်​ရှင်​အစည်းအရုံးနှင့် ဒေသခံများ ပူး​ပေါင်းသစ်​ပင်​စိုက်
1 / 5
Donate to DVB

အခုနှစ်​အတွင်း အပူချိန်​မြင့်တက်​ခဲ့တဲ့ မ​ကွေးတိုင်းဒေသကြီး၊ ချောက်​မြို့မှာ​ မြန်​မာနိုင်​ငံ ရုပ်​ရှင်​အစည်းအရုံးနဲ့  ချောက်​မြို့ အပူချိန်​​လျှော့ချ​ရေး​ကော်​မတီတို့ ပူ​ပေါင်းပြီး ဇွန်လ ၁၈ ရက် မနက်​ပိုင်းက သစ်​ပင်​စိုက်​ပျိုးခဲ့ကြပါတယ်​။

ရုပ်​ရှင်​အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်​ဝိုင်းက “မကြာခင်​နှစ်​မှာ နှစ်​​ပေါင်း ၁၀၀ ပြည့်တော့မယ့် မြန်​မာ့ရုပ်​ရှင်​​လောကရဲ့ အကြိုအဖြစ်​နဲ့ ကြိုတင်​ပြင်​ဆင်​ထားတာလည်း ရှိပါတယ်​။ ဒါကိုလည်း အဓိပ္ပါယ်​ရှိရှိ ပြည်​သူကိုအကျိုးပြုတဲ့ လုပ်​ငန်း​တွေနဲ့ လှုပ်​ရှားသွားဖို့ စီစဉ်​​နေချိန်​မှာ သရုပ်​​ဆောင်​ ကို​နေထူးနိုင်​က ​ချောက်​မြို့အပူချိန်​​လျှော့ချ​ရေး သစ်​ပင်​စိုက်​ပျိုးမယ်​ဆို​တော့ ကျနော်​တို့တတ်​နိုင်​တဲ့ လူအား​ငွေအားနဲ့ လှူဒါန်းခြင်းဖြစ်​ပါတယ်”လို့​ပြောပါတယ်​။

အပူချိန်လျော့ချရေး သစ်ပင်စိုက်ပွဲတော် အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အလှူတော်ငွေ ကျပ် ၈၄ သိန်းကျော်၊ ရန်ကုန်ရောက် ချောက်မြို့နယ်မိသားစုအသင်းက အလှူတော်ငွေ ကျပ်သိန်း ၇၀၊ ချောက်သခင်ဖိုးလှကြီး စက်မှုသိပ္ပံကျောင်း အင်ဂျင်နီယာ ကျောင်းသားဟောင်းတွေက အလှူတော်ငွေကျပ် ၅ သိန်းတို့ကို ​ချောက်​မြို့ အပူချိန်လျော့ချရေး ကော်မတီထံသို့ ပေးအပ်ခဲ့ပါတယ်​။

ဦး​ဆောင်​​ကော်​မတီဝင် ဦးမင်းနိုင်​က “ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး သစ်ပင်တွေကို ဆက်လက်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ စိုက်ကွက် ၁ မှာ သစ်ပင် ၅၀၀၀ နဲ့ စိုက်ကွက် ၂ မှာ သစ်ပင် ၅၀၀၀ စုစုပေါင်း သစ်ပင် ၁၀၀၀၀ အထိ စိုက်ပျိုးနိုင်တဲ့အတွက် သစ်ပင် ၁၀၀၀၀ စိုက်ပျိုးနိုင်ဖို့အတွက် ကျနော်တို့ ကော်မတီ ဘဏ္ဍာငွေလိုအပ်နေလို့ အလှူရှင်များစွာ လိုအပ်နေ ပါ​သေးတယ်​”လို့ ​ပြောပါတယ်​။

ဒီနေ့အထိ အပူချိန်လျော့ချရေးကော်မတီရဲ့ ဘဏ္ဍာငွေရှာဖွေရေးဆပ်မကော်မတီက အလှူခံ ရရှိငွေ ကျပ်​သိန်း ၂၁၀ အထိ ရှိ​နေပြီး နောင်နှစ်တွေမှာလည်း မြို့အပူချိန် လျော့ကျနိုင်ရေး အတွက် စိုက်ကွက  ၃၊ အရဟံစေတီတောင်တော် ပတ်ဝန်းကျင်နေရာတွေမှာ သစ်ပင်စိုက်ပျိုးဖို့ ရှိပါတယ်​။

ချောက်​မြို့ရဲ့ အပူချိန်​ဟာ ပြီးခဲ့တဲ့ ​မေ ၉ ရက်​​က တိုင်းတာချက်​အရ အမြင်​ဆုံး စံချိန်​သစ်​ ၄၇.၁ ဒီဂရီ ကို​ရောက်​ရှိခဲ့သလို အပူရှပ်သေဆုံးသူ ၃ ဦးရှိခဲ့ပြီး အပူ​ရှောင်​စခန်းတွေနဲ့ အပူ​သက်​သာ​စေ​ရေးအခမဲ့​ရေချိုးစခန်းတွေကိုလည်း ဖွင့်လှစ်​​ပေးခဲ့ရပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013