DVB Logo
Home
မြန်မာသတင်း
ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ်သတ်မှတ် ကြေညာ
DVB
·
June 19, 2019
ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ်သတ်မှတ် ကြေညာ
1 / 4
Donate to DVB

ကရင်ပြည်နယ်မြို့တော်ရှိ ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ ဇွန် ၁၈ ရက် မနက်ကကျင်းပတဲ့ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ကြေညာလိုက်တာပါ။

ဘားအံတက္ကသိုလ်ကျောင်းသားရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံအောင်ရပ်တည်ပြီး ဆေးလိပ်ငွေ့ ကင်းစင်အောင် ထိန်းသိမ်းသွားဖို့ ကရင်ပြည်နယ်ဝန်ကြီးးချုပ်က အခမ်းအနားမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “ဘားအံတက္ကသိုလ်မှာ ဆေးလိပ် ကင်းစင်တယ်ဆိုတာ နောင်လာနောင်သား ညီငယ်ညီမငယ်တွေ အမွေပေးနိုင်အောင် ဆက်ပြီး ထိန်းသိမ်းသွားပါ။ တက္ကသိုလ်ကျောင်းသားရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံအောင် ရပ်တည်ပြီးတော့ ကျန်တဲ့ညီငယ် ညီမငယ်တွေကို လက်ဆွဲခေါ်သွားပါ”လို့ ပြောပါတယ်။

ကျောင်းသားတွေ အားလုံးကလည်း ဆေးလိပ်မကောင်းကြောင်းကို သိတဲ့အတွက်ကြောင့် အားလုံးကလည်းလိုက်နာပြီးတော့ ဆေးလိပ်ငွေ့ကင်းစင်တဲ့ တက္ကသိုလ်ဖြစ်သွားတာလို့  ဘားအံတက္ကသိုလ် ဒုတိယပါမေက္ခချုပ် ဒေါက်တာ သန်းသန်းမြင့်က ပြောပါတယ်။

ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ ပညာပေးကာလသတ်မှတ်ခဲ့ရာက အခုလ ဇွန် ၁၈ ရက်မှာတော့ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာနိုင်ခဲ့ပါတယ်။

အခုလို တရားဝင်ကြေညာပြီးနောက်ပိုင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ထူထောင်ခြင်း ဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်သလို ပညာရေးအဖွဲ့နဲ့အတူ စောင့်ကြည့်စစ်ဆေးမှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဘားအံတက္ကသိုလ်၊ အင်္ဂလိပ်စာအထူးပြု(ပထမနှစ်)၊ မောင်လင်းထက်နောင် က “ဘာအကြောင်းနဲ့ပဲ သောက်သောက် ဆေးလိပ်ဆိုတာမကောင်းမှန်းသိတဲ့အတွက် မကောင်းတဲ့ ဆိုးကျိုးတွေက အများကြီးရှိလို့ ဆေးလိပ်ကိုလုံးဝစမ်းမသုံးကြည့်ဖို့ ပြောချင်တယ်”လို့ ပြောပါတယ်

ဘားအံတက္ကသိုလ်၊ အင်္ဂလိပ်စာအထူးပြု(ပထမနှစ်) နန်းဝင်းလဲ့မြိုင်က “ဆေးလိပ်စွဲပြီ ဆိုတည်းက နောက်ဆက်တွဲ မူးယစ်ဆေးဝါး၊ ဘိန်းဖြူတွေ ဆေးခြောက်တွေ အမျိုးမျိုး ပါလာနိုင်တယ်။ အဲဒါကြောင့်မို့ အစကတည်းက လုံးဝစမ်း မသောက်ကြည့်ဖို့” ပြောပါတယ်။

မူဝါဒတွေကို မလိုက်နာတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်သလို မိဘအုပ်ထိန်းသူတွေကိုပါခေါ်ယူတွေ့ဆုံပြီး သတိပေးတာတွေဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013