မြင့်မြတ်၊ ယုန်လေး၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် သတိ-အန္တရာယ်ရှိသည် ရုပ်ရှင်(နမူနာ)
DVB
·
June 19, 2019

မြင့်မြတ်၊ ယုန်လေးနဲ့ ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သတိ-အန္တရာယ် ရှိသည်အမည်ရတဲ့ ရုပ်ရှင်ကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရေလှိုင်းနဲ့ အောင်ကြီးတို့က ဇာတ်ညွှန်းခွဲထားပေးခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ အ ဆိုတော် ယုန်လေးက ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။
ယုန်လေးဟာ တေးသီချင်းတွေ ရေးသားသီဆိုနေသလို တဖက်မှာလည်း ၀ါသနာ ပါရာ ရုပ်ရှင်ရိုက်ကူးတဲ့ အလုပ်တွေကို လုပ်ဆောင်နေသူတဦးလည်းဖြစ်ကာ သူရိုက်ကူး ပုံဖော်ဖန်တီးခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ၊ Original Gangster စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ပရိသတ် သတိပြုမိခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။
မြင့်မြတ်နဲ့ ယုန်လေးကို ကိုကြီး၊ ကိုလေးဖိုက်တာတွေအနေနဲ့ မြင်တွေ့ရမယ့် ဒီရုပ်ရှင်ကား ကိုတော့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးဈေးထဲမှာ ရိုက်ကွင်းတည်ပြီး ကြမ်းတမ်းတဲ့ လူမှုဘ၀တွေအဖြစ် ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ K ညီ၊ အောင်လေး၊ တိုင်ရွန်၊ ဘိုချမ်း တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး အားဖြည့်ပါဝင်ထားခဲ့ကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော်ထိ ရှိနေပါတယ်။