DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးကို မျက်နှာဖုံးစွပ်သေနတ်သမားက ပစ်သတ်
DVB
·
June 19, 2019
မြေပုံမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးကို မျက်နှာဖုံးစွပ်သေနတ်သမားက ပစ်သတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမားတဦးက နေအိမ်ထဲ ဝင်ရောက်ပြီးအနီးကပ် သေနတ်ပစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး သေဆုံးသွားပါတယ်။

ဇွန် ၁၈ ရက်ညက ကမ်းထောင်ကြီးအလယ်ပိုင်းရပ်က အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ (ခေါ်) ဦးငြိမ်ချေဟာ နေအိမ်မှာ တီဗွီကြည့်နေစဉ်  မိုးကာအင်္ကျီဝတ်ထားသူတဦးက အိမ်ထဲ ဝင်ရောက်လာကာ အနီးကပ် သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ မြေပုံမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဒီဗွီဘီကိုပြောပါတယ်။

“ဖြစ်တဲ့အချိန်က မနေ့ညက ၈ နာရီ ၃၀ မိနစ်မှာဖြစ်တာ၊ အဲ့ဒီမှာ တီဗွီကြည့်နေတာ။ မိုးကာအနီအင်္ကျီနဲ့လူတယောက် အိမ်ထဲဝင်လာပြီးတော့ သေနတ်နဲ့ပစ်လိုက်တာ၊ မျက်နှာဖုံးလည်း စွပ်ထားတယ်လို့ပြောတယ်။ အဲ့ဒီမှာ ဦးခေါင်းထိသွားတယ်။”

လက်ရှိကမ်းထောင်ကြီးရွာမှာတော့ ရဲအင်အားတွေတိုးချဲ့ချထားပြီး အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားခံကိုဖမ်းဆီးရရှိရေးအတွက် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။

သေဆုံးသွားသူရဲ့သမီးဖြစ်သူက “ဗလတောင့်တောင့်နဲ့၊ မိုးကာအင်္ကျီ ၀တ်ပြီးတော့ ခေါင်းဆောင်းထားတယ်၊ ကြည့်လိုက်တဲ့အချိန်မှာပဲ လက်ထဲက သေနတ်ထုတ်တာ၊ သေနတ်ထုတ်တာကိုတွေ့လို့ အမေကအော်လိုက်တဲ့အချိန်မှာပဲ သေနတ်နဲ့ ပစ်တဲ့သူက နားထင်ကိုပစ်တာပါ၊ အဲမှာနောက်ကနေ ဖောက်ထွက်သွားပြီးတော့ အ၀တ်အစား ဗီဒိုမှာ သွားမှန်တယ်၊ ဆေးရုံပို့မယ်ဆိုပြီးတော့ လုပ်နေတုန်းမှာ ဆုံးသွားတာ"လို့ ပြောပါတယ်။

သေဆုံးသွားသူ ဦးသန်းမောင်ချေ (ခေါ်) ဦးငြိမ်ချေဟာ တပ်မတော်ဆေးတပ်မှာ တပ်ကြပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အငြိမ်းစားယူထားသူဖြစ်ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကမ်းထောင်းကြီးရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကစလို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ အပစ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ မကြာခဏဆိုသလို ရှိနေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013