DVB Logo
Home
မြန်မာသတင်း
ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်
DVB
·
June 19, 2019
ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်
1 / 20
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်တွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၄ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်တွေ စိုက်ပျိုးခဲ့ပါတယ်။

ဖြူးမြို့နယ်မှာ သစ်ပင် ၄၀၀၀ ခန့်ကို စိုက်ပျိုးခဲ့ပြီး ညောင်လေးပင်မြို့နယ်မှာ ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော်ကို မြို့နယ်အတွင်းမော်တော်ယာဉ်တွေနဲ့ လှည့်လည်ဖြန့်ဝေပေးခဲ့ကာ စမ်းချောင်းကျေးရွာ မူလွန်ကျောင်းဝန်းအတွင်းမှာ ပျိုးပင်ပေါင်း ၇၀၀ ကျော်ကို စိုက်ပျိုးခဲ့ ပါတယ်။

ဖြူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ဖြစ်ပြီး ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကာ ညောင်လေးပင်မြို့နယ်မှာတော့ မြို့နယ်သစ်တော ဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့ပါတယ်။

သစ်ပင်တွေကို မြို့နယ်အတွင်းရှိကျေးရွာချင်းဆက်လမ်းတွေမှာ အဓိက စိုက်ပျိုးခဲ့တာဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟောဂနီ၊ ဆွယ်တော်နဲ့ အခြားသစ်မာမျိုးဆုံပါဝင်တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး  မင်းကင်းမြို့နယ်နဲ့ ၀က်လက်မြို့နယ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သစ်ပင်တွေ စိုက်ပျိုးခဲ့ကြ ပါတယ်။

မင်းကင်းမြို့နယ်မှာ ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇယ်၊ လျှော်ဖြူ နဲ့ မျောက်ငို စတဲ့ သစ်​ပင်​အပင်​​ပေါင်း ၃၀၀၀ ​ကျော်​လောက်ကို မင်းကင်းမြို့ပေါ် အမှတ်(၁-၂-၃) အပါအဝင် ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု-ကျေးရွာပေါင်း ၆၄ ရွာမှ စိုက်ပျိုးခဲ့ကြတာပါ။

ကျေးရွာအုပ်စု တခုကို သစ်ပင် ၂၀၀ စိုက်ပျိုးခဲ့ကြသလို သစ်ပင်တွေ ရှင်သန်ဖို့ကိုလည်း ကော်မတီဖွဲ့ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

စစ်​ကိုင်းတိုင်း​၊ ဝက်​လက်​မြို့နယ်​၊ ရှိမ္မကား-ရွာသစ်​လမ်း​ ရွှေ​တောင်​ဦးဘုရား အနီးမှာ မြို့နယ်​သစ်​​တောဦစီးဌာနနဲ့ အပူပိုင်း​ဒေသ စိမ်းလမ်းစို​ပြေ​ရေးတို့ ဦး​ဆောင်​ပြီး ကျွန်း၊ ယူကလစ်​၊ ​လျော်​ဖြူ၊ မယ်​ဇလီပင်​စတဲ့အပင်တွေ စိုက်ပျိုးခဲ့ပြီး မင်းကင်းမြို့နယ်မှာ စိုက်ပျိုးခဲ့ကြပါတယ်။

ဝက်​လက်​မြို့နယ်​အတွင်းက အခြား​ကျေးရွာတွေမှာလည်း ကိုယ့်အစီအစဉ်​နဲ့ကိုယ် သစ်​ပင်​စိုက်​တာ၊ အမှိုက်​​ကောက်တာနဲ့ ရေ​မြောင်း​တွေ သန့်​ရှင်း​ရေးလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ခရိုင်အဆင့်စုပေါင်းပြီး သစ်ပင်မျိုးစုံ ၁၀၈၀ ကျော်ကို စိုက်ပျိုးခဲ့ပါတယ်။

အင်္ဂပူမြို့နယ်က ဌာနဆိုင်ရာတွေနဲ့ ခရိုင်အတွင်း လူမူရေးအသင်းအဖွဲ့ စုပေါင်းပြီး ပုသိမ်-မုံရွာကားလမ်းမဘေးရှိ မြန်အောင်တောင်ကြိုးဝိုင်း ကွင်းအမှတ် ၁၉ မှာ သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်း/ ဓာတ်ပုံ - နေလင်းထိုက်၊ ကျော်အောင်(ကညွတ်ကွင်း)၊ ​အောင်​စံလင်း၊ ဌေးလှိုင်၊ သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013