DVB Logo
Home
မြန်မာသတင်း
မွေးနေ့ဆုတောင်းပေးကြသူများအတွက် ကျေးဇူးတင်လွှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်
DVB
·
June 19, 2019
မွေးနေ့ဆုတောင်းပေးကြသူများအတွက် ကျေးဇူးတင်လွှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်
Donate to DVB

မွေးနေ့ဆုမွန်တောင်းပေးကြသူအားလုံးကို ကျေးဇူးတင်တဲ့ကြောင်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပြောဆိုတာဖြစ်ပြီး နိုင်ငံတဝန်းက ပြည်သူပြည်သားတွေ၊ ကမ္ဘာအရပ်ရပ်က ပြည်သူပြည်သားတွေနဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

မွေးနေ့ဆုတောင်းနဲ့ လက်ဆောင်ပို့သူတိုင်းကို နာမည်မသိနိုင်ပေမယ့် ပို့တဲ့မေတ္တာတွေကို နည်းနည်းမှမကျန်ခံစားရတယ်လို့ ယုံကြည်ပြီး ဒီမေတ္တာတွေကြောင့်ပဲ ရှင်သန်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာမှာ ပြောထားပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအ၀င် နိုင်ငံတ၀န်းက မြို့တွေ နယ်တွေ အသီးသီးမှာ သစ်ပင်စိုက်ပျိုးပွဲတွေနဲ့ မွေးနေ့ပွဲတွေကို ပြည်သူလူထုတွေက ပုံစံမျိုးစုံနဲ့ ကျင်းပပြီး မွေးနေ့ ဆုတောင်း ပေးနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013