DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တွင် စုပေါင်းစက်ဘီးစီး
DVB
·
June 19, 2019
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တွင် စုပေါင်းစက်ဘီးစီး
1 / 7
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းစက်ဘီးစီးပွဲကို ဇွန် ၁၉ ရက် မနက်က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

စက်ဘီးစီးအဖွဲ့တွေဟာ မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရှေ့ကနေ တာစထွက်ပြီး ၂၆လမ်း မှ ၃၈ လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းကြား (လမ်းဖွင့်ပွဲအခမ်းအနား)ထိ၊ ၃၈ လမ်းဖွင့်ပွဲအခမ်းအနားကနေ (၇၃)လမ်း မင်္ဂလာမန္တလေးမှ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် အခမ်းအနားထိ စီးနင်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ MBA စက်ဘီးအဖွဲ့၊ စက်ဘီးချစ်သူတွေနဲ့ ဒေသခံတွေ ပါဝင်စီးနင်းခဲ့ပါတယ်။

သတင်း- သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013