DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကယားပြည်နယ်တ၀န်း သစ်ပင်စိုက်ပျိုး
DVB
·
June 19, 2019
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကယားပြည်နယ်တ၀န်း သစ်ပင်စိုက်ပျိုး
1 / 7
Donate to DVB

ဒီကနေ့ ဇွန်လ ၁၉ ရက် ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကယားပြည်နယ် တပြည်နယ်လုံးမှာ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ပါတယ်။

ပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာတော့ လွိုင်ကော်တက္ကသိုလ်ဝင်းထဲမှာ သစ်ပင်ပေါင်း ၁၁၀၀ကျော်ကို ဒီမနက် ၇ နာရီမှာ အခမ်းအနားနဲ့ စိုက်ပျိုးခဲ့ကြတာတာပါ။

သစ်ပင်စိုက်ပျိုးပွဲတက်ရောက်တဲ့ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက “ ကျနော်တို့ရဲ့ခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်တာဟာ ကောင်းတဲ့အလုပ်ကိုလုပ်တာပါ။ ဒီလိုကောင်းတဲ့အလုပ်ကိုလုပ်တဲ့အတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်လို့ရပါတယ်။ ကျနော်တို့ အားလုံးရဲ့စိတ်ထဲမှာလည်း အမှန်တကယ် နှလုံးစိတ်ဝမ်း အေးချမ်းကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”လို့ မိန့်ခွန်းပြောသွားပါတယ်။

ဒါ့အပြင် လူသားတွေနဲ့ သစ်ပင်ဟာ အပြန်လှန်အမှီပြုနေရတဲ့အတွက် မိမိတို့တတ်နိုင်တဲ့ ကဏ္ဍမှာ ကိုယ်စီတာဝန်ယူပြီး သစ်ပင်စိုက်ပျိုးကြဖို့လည်း ပြည်နယ် ၀န်ကြီးချုပ်က တိုက်တွန်းသွားပါတယ်။

ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က လည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ တပြည်နယ်လုံးမှာ သစ်ပင်တွေ စိုက်ပျိုးကြတယ်လို့ ပြောပါတယ်။

“ ဒီနေ့ မြို့နယ် ၇ မြို့နယ်စလုံးမှာ စိုက်ပါတယ်။ ဌာနဆိုင်ရာအားလုံးလည်း စိုက်ပါတယ်။ အမေစုရဲ့ ၇၄ နှစ်ပြည်မွေးနေ့အထိမ်းအမှတ်နဲ့ ကျနော်တို့ စိုက်ပါတယ်။ အားလုံးခန်းမှန်းခြေ တမြို့နယ်ကို တထောင်နီးပါဆိုတော့ ၇ မြို့နယ်ကို ၇၀၀၀ နီးပါးလောက်စိုက်တာပေါ့နော်။”  

ဒါ့အပြင် ကယားပြည်နယ် သစ်တောဌာနအနေနဲ့လည်း အခုနှစ်မိုးရာသီအတွက် သစ်ပင်ပျိုးပင် ၃သိန်းခွဲ ပျိုးထားပြီး မည်သူမဆို ရှင်အောင် စိုက်ပျိုးလိုပါက အဆိုပါသစ်ပင်တွေကို အခမဲ့ ပေးဆောင်နေကြောင်းလည်း ဦးတီရယ်က ပြောပါတယ်။

လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူကလည်း ဒီလိုသစ်ပင်စိုက်တာဟာ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းဖို့ စိုက်ပျိုးတာဖြစ်ပေမယ့် စိုက်ပြီးရင်တော့ ပြန်လည်း ပြုစုဖို့ အရေးကြီးကြောင်းပြောပါတယ်။

“တခုအရေးကြီးတာက စိုက်တာကတော့ စိုက်ကြပါတယ်။ စိုက်ပေမယ့် ပြန်ပြီးတော့ မစောင့်ရှောက်တာတွေများတယ်။ နောက်တနှစ်ကျရင် ဒီအပင်တွေက မရှိတော့ဘူးဆိုတော့ ဒီဟာက ကောလိပ်အနေနဲ့ စောင့်ရှောက်ဖို့လိုသလို သစ်တောကလည်း ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ဥပမာ ပေါင်းနုတ်တာတို့ ရေလောင်းတာတို့ပေါ့နော်။ ကျမတို့ကယားမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင် ပြန်ပြီး ရှင်သန်လာဖို့ တခန်းတကဏ္ဍဖြစ်တာပေါ့နော်။”

ဒီကနေ့ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်တဲ့ သစ်ပင်စိုက်ပျိုးခြင်း အထိမ်းအမှတ်ပွဲမှာ ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအ၀င် လူပေါင်း ၁၀၀၀ ကျော်ခန့် တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013