DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့၌ လူအယောက် ၇၄၀  ပုံဖော် မွေးနေ့ဆုတောင်း (ဓာတ်ပုံ)
DVB
·
June 19, 2019
ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့၌ လူအယောက် ၇၄၀  ပုံဖော် မွေးနေ့ဆုတောင်း (ဓာတ်ပုံ)
1 / 12
Donate to DVB

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက်မွေးနေ့ အခမ်းအနားကို ဒီကနေ့မနက်က ရန်ကုန်မြို့လယ်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပါတယ်။

မွေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လူပေါင်း အယောက် ၇၄၀ ကနေ သူ့ရဲ့ရုပ်ပုံဖော်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

ဒ့ါအပြင် မွေးနေ့အထိမ်းအမှတ်ပွဲကို လာရောက်ကြတဲ့ သူ့ကို လေးစားချစ်မြတ်နိုးတဲ့ ပြည်သူတွေက ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် အမြို့မြို့အနယ်နယ်မှာ ကျင်းပနေကြပါတယ်။

ရန်ကုန်မှာတော့ ဒီနေ့မနက်က အန်အယ်လ်ဒီရုံးချုပ်မှာလည်း မွေးနေ့ပွဲ ကျင်းပခဲ့သလို ရန်ကုန်တိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း  မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးတာတွေ ပြုလုပ်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013