DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို မစစ်ဆေးနိုင်သေးဘဲ အမှုကြန့်ကြာနေ
DVB
·
June 18, 2019
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို မစစ်ဆေးနိုင်သေးဘဲ အမှုကြန့်ကြာနေ
Donate to DVB

လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစွဲခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့ အမှု အချိန် ၁ နှစ်ခွဲကျော်ကြာရှိနေပြီဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေကို တရားရုံးမှာ စစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ကြန့်ကြာနေပါတယ်။

အမှုစစ်အရာရှိတွေနဲ့ လိုပြသက်သေတွေအနေနဲ့ တာဝန်ထမ်းဆောင်နေရတဲ့အတွက် ရုံးထုတ်စစ်ဆေးတဲ့ ရုံးချိန်းတိုင်းမှာ လာရောက်ထွက်ချက်ပေးနိုင်ခြင်း မရှိတဲ့အတွက် အခုလို အချိန်ကြာမြင့်ခဲ့ရတာလို့ ဒီအမှု လိုက်ပါဆောင်ပေးနေတဲ့  တရားလွှတ်တော် ရှေ့နေ တဦးကပြောပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး အမှုစစ်အရာရှိတွေကို စစ်ဆေးနေတယ်။ အမှုတွေ အတွက် စစ်ဆေးဖို့ကျန်နေတာက အမှုစစ်အရာရှိ ၁၀ ဦးလောက်ရှိတယ်။ သူတို့အားလုံး စစ်ဆေးပြီးရင်တော့ တရားဆွဲဆိုခံရသူတွေကို စတင်စစ်ဆေးတော့မှာပါ”

ဒီအမှုနဲ့ ပတ်သက်ပြီးတရားလိုပြသက်သေတွေကိုတော့  တရားရုံးက စစ်ဆေးနိုင်ခဲ့ပါတယ်။

၂၀၁၇ အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်မှာ သေနတ် ၂ လက်နဲ့ ကျည်ဆန်တွေအပြင် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ ဆက်နွှယ်ပြီး ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေပြီး ၂၀၁၇ ဇန်နဝါရီ ၃ ရက်မှာတော့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူများအမှုအားလုံးကို နေပြည်တော်ရှိ ဒက္ခိဏ ခရိုင်တရားရုံးက တာဝန်ယူစစ်ဆေးနေတာဖြစ်ပြီး နေပြည်တော်အမှုနှင့် ရန်ကုန်အမှုဆိုပြီးခွဲခြား သတ်မှတ်ကာ  အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ ရုံးထုတ်စစ်ဆေးပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ဖြိုးကိုကိုတင့်ဆန်းကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှု အပါအ၀င် ပုဒ်မ ၁၄ ခုနဲ့ စွဲချက်တင်ထားသလို  ပါဝင်ပတ်သက်သူတွေကိုတော့ သက်ဆိုင်ရာပုဒ်မတွေ အလိုက်စွဲချက်တင် အမိန့်ချမှတ်ထားပါတယ်။

အဲဒီစွဲချက်တင်အမိန့်တွေကို ပြင်ဆင်ပယ်ဖျက်ပေးနိုင်ဖို့အတွက် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်မင်းထိုက်၊ သီဟာ၊ ရန်အောင်စိုးနဲ့ အောင်ခိုင်တို့ရဲ့ သဘောဆန္ဒအရ ပြည်ထောင်စုတရားလွှတ်ချုပ်ထံ လျှောက်လဲချက် တင်ပြခဲ့တောင်းခံခဲ့ပေမယ့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချကြောင်းအမိန့် ချမှတ်ခဲ့ပါတယ်။

တူညီတဲ့ ပုဒ်မတွေကို ပေါင်းစစ်ဆေးဖို့ အမိန့်ချမှတ်ထားတဲ့အတွက် ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေကို နေပြည်တော်က ရာဇသတ်ကြီး ပုဒ်မ ၈ မှု၊ ရန်ကုန်က ရာဇသတ်ကြီး ပုဒ်မ ၆ မှု စုစုပေါင်း ၁၄ မှုနဲ့ စစ်ဆေးနေပြီး တရားခံပြေး ၃ ဦးကိုတော့ ဖမ်းဝရမ်း ထုတ်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013