DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပိုင် ဘုရင့်နောင်ပွဲရုံမြေကို ဆက်ငှားရန် ရန်ကုန်တိုင်းအစိုးရ ဆက်ကြိုးပမ်းမည်
DVB
·
June 18, 2019
စစ်တပ်ပိုင် ဘုရင့်နောင်ပွဲရုံမြေကို ဆက်ငှားရန် ရန်ကုန်တိုင်းအစိုးရ ဆက်ကြိုးပမ်းမည်
Donate to DVB

တပ်ပိုင်မြေပေါ်မှာရှိနေတဲ့ ဘုရင့်နောင်ပွဲရုံမြေနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမြေကို ဆက်လက်ငှားရမ်း စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

ဇွန်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။

ဘုရင့်နောင်ပွဲရုံမြေနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမြေကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက မြေပိုင်ရှင်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနထံကနေ နှစ် ၃၀ စာချုပ်နဲ့  ငှားရမ်းခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီမြေနေရာကို ဆက်လက် ငှားရမ်းနိုင်ဖို့ အစိုးရက ပြင်ဆင်နေတာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဆိုင်ခန်းပေါင်း ၁၀၀၀ နီးပါး ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးလက်ကား ကုန်စည်ဈေးကွက်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013