DVB Logo
Home
မြန်မာသတင်း
ဆီတွဲရထားတိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာသူများထဲက ၂၉ ဦး သေဆုံး
DVB
·
November 20, 2012
ဆီတွဲရထားတိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာသူများထဲက ၂၉ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က လောင်စာဆီတင်တဲ့ ရထားမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး မီးလောင်လူနာ ၈၀ ကျော် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ပါတယ်။

ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတဲ့ လူနာ ၈၀ ကျော်ထဲက ဒီနေ့အထိ သေဆုံးခဲ့သူ လူနာ ၂၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်နေတဲ့ လူနာတွေ အခြေအနေနဲ့ ကျန်းမာရေး လိုအပ်ချက်တချို့ကို ကန့်ဘလူဆေးရုံက ဆေးရုံအုပ်  ဒေါက်တာ မိုးမြင့်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကန့်ဘလူဆေးရုံမှာ ပြီးခဲ့တဲ့ တပတ်ကျော်လောက်က ဆီရထားမီးလောင်မှုကြောင့် သေဆုံးသွားတဲ့လူနာ ၁၆ ယောက်လို့ သိရတယ်။ အခု နောက်ထပ် သေဆုံးမှုတွေ ရှိပါသေးလား။

“မနေ့ည ၁၂ နာရီအထိ သေတာကတော့ ကျား ၁၃ ဦး၊ မ ၁၆ နဲ့ စုစုပေါင်း ၂၉ ဦး။ လက်ရှိ စိုးရိမ်ရတဲ့ လူနာတွေက ၆ ယောက်လောက်တော့ ကျန်သေးတယ်။ ကျန်တဲ့လူနာတွေကတော့ မပြင်းထန်ဘူး။ အုပ်စု အေ၊ ဘီ၊ စီ ခွဲထားတယ်လေ။ အေက အဆိုးဆုံး၊ စီကတော့ မလွဲမသွေ ပေးပြန်နိုင်တဲ့လူ၊ ဘီကတော့ အေနဲ့စီကြားမှာရှိတယ်။ အဲထဲက ထဖောက်ချင်လည်း ဖောက်နိုင်တယ်၊ ကောင်းချင်လည်း ကောင်းနိုင်တယ်။”

သေဆုံးသွားတက ၂၉ ဦးဆိုတော့ ဆေးရုံမှာ လက်ရှိ လူနာဘယ်နှဦးရှိပါလဲ။

“မီးလောင်ဒဏ်ရာရ လူနာက လောလောဆယ် ၃၇ ဦး ကျန်သေးတယ်။”

တရက် တရက်ကို လူနာတွေရဲ့ ကုန်ကျစရိတ်တွေက အများကြီးရှိတယ်။ အဲ ၃၇ ဦးအတွက် ဆရာတို့ ဘယ်လို လိုအပ်ချက်တွေ ရှိနေလဲ။

“ကျနော်တို့ဆီမှာ အရေးပေါ် ရန်ပုံငွေ ဆောင်ထားတာရှိပါတယ်။ နောက် ပြင်ပကအလှူရှင်တွေ ရှိတယ်၊ အခုလောလောဆယ် နာမှုကူညီမှုအသင်း(ရန်ကုန်)ကနေ လူနာတွေအတွက် ဆေးတပတ်စာ လှမ်းလှူတာတော့ ရှိတယ်။ နောက် လူနာတွေက ပြောရရင် တပတ် ဆယ်ရက်နဲ့မပြီးဘူး၊ သွားရမှာက အချိန်ပေးရမယ်လေ။ ဒါတွေတော့ ရှိတယ်။ ကျန်တာကတော့ ၀န်ကြီးဌာနကလည်း လိုအပ်တာ ပံ့ပိုးမှုတော့ ပေးတယ်။”

လူနာတွေအတွက် အဓိက ဘာတွေလိုအပ်နေလဲ။

“အဓိက လိုအပ်တာတော့ ဆေးဝါးပေါ့။ နောက်ပိုင်း ဆေးကုသမှု ပြီးတာတောင် ကျနော်တို့က အနေအထားကို ပြန်ကြည့်ရဦးမှာပေါ့။ ပြန်ကြည့်ရမယ်ဆိုတာက တချို့က အနာရွတ်တွေကြောင့် ခြေတွေလက်တွေ ကွေးသွားနိုင်တယ်လေ။ အဲအချိန်ကျ ခွဲစိတ်မှုတွေ ပြန်လုပ်ရမယ်။ အဲဒီအခါလည်း အချိန်ပေးရမယ်။”

ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပေးတာတွေ ရှိလား။

“လက်ရှိမှာ ကျနော်တို့ကို သိန်း ၁၀၀ ပေးထားတယ်။ နောက် လိုအပ်ရင် ထပ်တောင်းခံဖို့ ခွင့်ပြုချက် ပေးထားပါတယ်။”

လူနာတွေအတွက် အခြား စားဝတ်နေရေးအတွက်ရော ကူညီပေးတာ ရှိလား။

“အစားအသောက်ကတော့ ပြည့်စုံပါတယ်။ ကန့်ဘလူမြို့ပေါ် ရပ်ကွက်တွေက အလှည့်ကျ လူနာရော၊ လူနာစောင့်အတွက်ရော မနက်၊ ည ပေးပါတယ်။ ကျနော်တို့ ဆေးရုံဘက်ကလည်း ဆေးဝါးကအစ မပြတ်အောင် ဆောင်ရွက်ပေးနေတယ်။ ခြင်ထောင်ပါ ၀ယ်ပေးထားပါတယ်။”

တခြား ဘာများပြောချင်ပါသေးလဲ။

“အခုဖြစ်တာက ဘေးအန္တရာယ်တခုပဲ။ ဘယ်သူမှ ရပ်ကြည့်လို့ မရဘူးလေ။ အမေရိကန်မှာတောင် စန္ဒီမုန်တိုင်းဝင်သွားတဲ့အခါ သူတို့ဆီမှာ လူတိုင်းပါဝင်ပါတယ်။ လူတိုင်းပါဝင်သင့်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013