DVB Logo
Home
မြန်မာသတင်း
တညင်းကုန်းဈေးဟောင်းရှိ လက်ကျန် ဈေးသည်များကိုပြောင်းရွှေ့ပြီး ဈေးပိတ်သိမ်းမည်
DVB
·
June 18, 2019
တညင်းကုန်းဈေးဟောင်းရှိ လက်ကျန် ဈေးသည်များကိုပြောင်းရွှေ့ပြီး ဈေးပိတ်သိမ်းမည်
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းကို ပိတ်သိမ်းတော့မှာဖြစ်လို့ ကျန်ရှိနေတဲ့ ဈေးသည် ၁၀၈၇ ယောက်ကို ဇွန်လ ၂၀ ရက်မှာ အပြီးပြောင်းရွှေ့ပေးမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဈေးများဌာနက သိရပါတယ်။

လက်ရှိရောင်းချနေတဲ့ တညင်းကုန်းဈေးဟောင်းကို ဇွန်လ ၂၁ ရက်မှာ အပြီးပိတ်သိမ်းသွားမှာဖြစ်ပြီး ပိတ်သိမ်းတဲ့အခါမှာ ပစ္စည်း အပျောက် အဆုံးတွေမရှိအောင် စည်ပင်သာယာရေး တာဝန်ရှိသူတွေကဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဈေးများဌာန ဒုတိယ ဌာနမှူး ဦးသောင်းမြင့်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဇွန်လ ၁၇ ရက်ကစပြီး ဈေးသစ်တွေမှာ ရောင်းချရမယ့် ဆိုင်ခန်းနေရာချထားရေးတွေကို ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဈေးသည်တချို့ကတော့ ပြောင်းရွှေ့ရမှာကို မလိုလားတဲ့အတွက် နှောင့်ယှက်မှုတွေ ရှိနေတဲ့အပေါ်မှာလည်း သတိပေးစာတွေ ကပ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန တာဝန်ရှိသူက ပြောပါတယ်။

တညင်းကုန်းဈေးဟာ ၁၉၈၅ ခုနှစ်မှာ အင်းစိန်ဘူတာဈေးအနေနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြောင်းရွှေ့ရောင်းချခဲ့တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ လက်ရှိဈေးသစ် တည်ဆောက်ထားတဲ့နေရာမှာ လက္ကားဈေးသစ် တည်ဆောက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာမှာ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီက  တင်ဒါအောင်မြင်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီအနေနဲ့ အများပိုင် ကုမ္ပဏီပြုလုပ်ပြီး စီမံကိန်းကာလအဖြစ် လပေါင်း ၃၀ စည်ပင်နဲ့ အကျိုးတူလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013